Ohm Naing - Articles


ရေးခဲ့မိသော မှတ်တမ်းများ (၂၄)
အုန်းနိုင်
ဧပြီ ၉၊ ၂၀၁၃



● ရွေးကောက်ပွဲ အချိန်ဇယား
၁၉၈၉ ဇူလိုင်လ (၁၁) ရက်နေ့မှာ  ပါတီ စုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ရွေးကောက်ပွဲအချိန်ဇယား
၊လုပ်ငန်းပြီးစီးမှုနဲ့  ကျနတဲ့လုပ်ငန်းစဉ် များကို ထုတ်ပြန်ပါတယ်..။ဒီ ထုတ်ပြန်ချက်အရတော့ မေလမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်လို့
ဖော်ပြထားပေမယ့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ မဲဆွယ်ခွင့်ကာလသတ် မှတ်ခြင်းကို    ၁၉၉၀ပြည့်ဖေဖေါ်ဝါရီ ၊မတ်နဲ့  ဧပြီ လို့အကြမ်းဖျင်း  သတ်မှတ်ထားပါတယ်..။

ကိုယ်စားလှယ်များ  လို့ ဆိုပေမယ့်   နိုင်ငံရေးပါတီ များဒီမိုကရေစီ နည်းကျကျ   လှုံ့ ဆော်စည်းရုံးဖို့ ရယ်လို့  တိတိကျကျ  သတ်မှတ်ချက် မပါပါဘူး..။ကိုယ်စားလှယ်များကို သာခွင့်ပြု မယ်..။ပါတီကိုတော့ ခွင့်မပြုဘူးလား..။ပြီးတော့  ဖေဖော်ဝါရီ ၊မတ်၊နဲ့   ဧပြီ ဆိုတော့ သုံးလပဲ
အလုပ်လုပ်ချိန်  ရှိမယ့် သဘောဖြစ်လို့မို့ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲ ဖြစ်မှ ဖြစ်ပါ့မလား..ဆိုတဲ့ သံသယဟာဗဟိုမှာတင်  မဟုတ်ပဲ..။ အောက်ခြေမှာပါ ဖြစ်နေပါတယ်..။လက်ရှိ အခြေအနေကလည်း   အာဇာနည်နေ့ ကိုတောင်လွတ်လွတ်လပ်လပ်  အလေးပြု နိုင်တဲ့ အခြေ အနေ မရှိတာမို့   ဒီမိုကရေစီကျတဲ့ ရွေးကောက်ပွဲဖြစ်ဖို့  ယုံရခက်ပြီပေါ့..။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်  ကလည်းပုံနှိပ်ထုတ်ဝေမှု  ကင်းလွတ်ခွင့်  လျှောက်ထားရေးနဲ့ ပတ်သက်လို့  မတရားတဲ့ ကန့်သတ်ချက်များ  ပါရှိတာမို့  လျှောက်ထားမည်မဟုတ်ကြောင်း ကို   ၁၉၈၉ခုဇူလိုင်လ (၇)ရက် နေ့စွဲ နဲ့   ကြေညာချက် အမှတ်( ၂၂)ကို ထုတ်ပြန်ပြီးတိတိ လင်းလင်း ကြေညာလိုက်ပါတယ်..။ဒီ ကြေညာ ချက်မှာပဲ  “အများ ပြည်သူ   သဘော  မတူတဲ့ အမိန့် အာဏာဟူသမျှ   တာဝန်အရ ဖီ ဆန်  ကြ”  ဆိုတဲ့ ကြွေးကြော်သံကို   ထည့် သွင်းလိုက်ပါတယ်...။

ကျနော်တို့ နယ် မှာတော့   ရန်ကုန် အခြေအနေကို  သိဖို့ ညနေ(၄)နာရီ လောက်မှ  ရောက်လာတတတဲ့  သတင်းစာကို  စောင့်ပြီး  အခြေအနေကို  ကြည့်ရပါတယ်..။ညဖက်ရေဒီယို သတင်းတွေကတော့ အဓိက  ပေါ့..။ဇူလိုင် (၁၇)ရက်နေ့   ရောက်လာတဲ့ သတင်းစာ ကတော့  ထူးခြားနေပါပြီ..။ရန်ကုန်မှာ အာဇာနည်နေ့  အခမ်းအနား ကျင်းပရေး အတွက်  ၀တ်စုံပြည့် လေ့ကျင့်မှုတွေလုပ်တဲ့  သတင်းတွေ ပါလာယုံမျှမကဘဲ..။ဒီ ၀တ်စုံပြည့် လေ့ကျင့်မှုတွေ  လုပ်တဲ့  အခမ်းအနားကိုအခြားအာဇာနည်ကြီးများ ရဲ့   မိသားစုကတက်ရောက်ပေမယ့်  ဗိုလ်ချုပ်အောင်ဆန်း မိသားစုက  ၀တ်စုံပြည့် အခမ်းအနားမတက်ရောက်တာကို ဖော်ပြပြီး  ။အာဇာနည်ကုန်းကို  နိုင်ငံရေး အဖွဲ့ အစည်း  အနေနဲ့ တဖွဲ့ ကို၁၀ဦးစီ  တက်ရောက်ဖို့   အမည်စာရင်းပေးသွင်းထားတဲ့ အဖွဲ့ အစည်းတွေကိုလည်း  ဖော်ပြထားပါတယ်..။သီးခြားတဦးချင်း အလေးပြုမယ့် သူများဟာလည်း  ငါးယောက်တတွဲသာ  အလေးပြု ရမယ်..။အဲဒီ စည်းကမ်းတွေကို  မလိုက်နာရင် တရားဥပဒေအရ ထိရောက်စွာ  အရေးယူမယ်လို့ ဖော်ပြထားပါတယ်..။ဒီ သတင်းစာထဲ မှာပဲအာဇာနည်နေ့  တက်ရောက်ဖို့ အမည် စာရင်း ပေးထားတဲ့ ပါတီ(၇၀) စာရင်းမှာမျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့ ကို  တွေ့ ၇တော့  မအံ့သြမိတော့ပါ..။သူတို့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ အလံတော်အောက်မှာ  ရှိသေးရဲ့ လား..။ရှိနေသေးရင်လည်း  လုံးဝ စိတ်ချယုံကြည်ဖို့  မကောင်းတော့ဘူးလို့ပဲယူဆမိပါတော့တယ်..။ဒါကို ဒေါ်အောင်ဆန်းစုကြည်သတိမူမိပါစေ..လို့ပဲ ဆန္ဒပြုမိပါတော့တယ်..။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း  တပါတီ(၁၀)ယောက်ပဲအလေးပြုရမယ်  ဆိုတာအဓိပါယ်မရှိဘူး..။အာဇာနည်ကြီးများကို  အများပြည်သူ  လွတ်လပ်စွာ ဂါရ၀ပြုနိုင်တယ်..။ဒါကိုမှ  ခွင့်မပြုရင်ကျမကိုယ်တိုင်လည်း  ဗိုလ်ချုပ်အောင်ဆန်း  မိသားစု  အနေနဲ့အာဇာနည်ကုန်းကို မသွားဘူး..။အများပြည်သူနဲ့ အတူပဲ   အာဇာနည်ကုန်းကို  သွားမယ်လို့   ရှင်းရှင်း   ပြောထားပြီးသား..။ဒီတော့  စိတ်ထဲမှာဒီ မျိုးချစ်ကြီးတွေဟာ  ဂဠုန်ဦးစောရဲ့  မျိုးချစ်တွေလိုပဲ  တနေ့မှာ  ကိုယ့်တပ်ကိုပြန်နင်းမယ့်သူတွေလို့ ထင်မိတယ်..။

● ရန်ကုန်မှာ  မာရှယ်လောထုတ်ပြီ
နောက်နေ့   သတင်းစာတွေမှာတော့  မာရှယ်လော အမိန့် အမှတ်  ၁/ ၈၉ ကို ထုတ်ပြန်လိုက်ပါတယ်..။မာရှယ်လော  အာဏာကို  ရန်ကုန်တိုင်း  တိုင်းမှူး၊အလယ်ပိုင်းတိုင်း    စစ်ဌာနချုပ် တိုင်းမှူး၊အနောက်မြောက်တိုင်း စစ်ဌာနချုပ်  တိုင်းမှူး တို့ သုံးဦးကိုအပ်နှင်းလိုက်ပါ တယ်..။ အဲဒီနေ့   သတင်းစာမှာပဲ  အတွင်းရေးမှူး(၁)ဗိုလ်မှူးချုပ် ခင်ညွန့်က  သတင်းစာရှင်းလင်းပွဲ လုပ်ပြီး  အဓိက အချက်သုံးချက် ကို  တင်ပြခဲ့ပါတယ်..။ပထမ အချက်ကတော့  သူတို့ရွေးကောက်ပွဲ လုပ်ပေးမယ်လို့  ကြေညာနေတာကို  မယုံမကြည်ဖြစ်ပြီး   ဥပဒေအချို့   ဖျက်ပစ်ဖို့တင်ပြနေတာဟာ  ရွေးကောက်ပွဲ ကာလ  မတိုင်ခင်   တိုင်းပြည်မှာ    မင်းမဲ့ စရိုက်ဖြစ်ပြီး    ပါတီကြီးတခုက  နိုင်ငံရေး အာဏာကို  မတရားရယူလိုတယ် ဆိုတဲ့အချက်  ။ဒုတိယ  အချက်က  အာဇာနည်နေ့ကို    စနစ်တကျစီစဉ်ပြီး အာဇာနည်ခေါင်းဆောင်ကြီး များအိမ်ကို   ဖိတ်စာပို့ တဲ့ အခါမှာဗိုလ်ချုပ်အောင်ဆန်းမိသားစု    ကိုယ်စားလှယ်ဆိုသူ      မသိင်္ဂီ ကဗိုလ်ချုပ်ဖုန်းမြင့်  နဲ့   တွေ့ ဆုံညှိနှိုင်းပြီးမှ    အာဇာ နည်နေ့ ကို  စနစ်တကျ    တက်ရောက်မယ်လို့  ပြန်ကြားခဲ့တာ ရယ်..။ဦးတင်ဦး ဆိုသူ  လက်မှတ်ထိုးထားတဲ့ စာတစောင်မှာပါတီတခုလျှင်  လူဆယ်ဦးသာ တက်ရမယ်လို့    ကန့်သတ်ထားတာဟာ   ချုပ်ချယ်မှု တခုသာဖြစ်ပြီးသူတို့ပါတီ(၁၇၀)ကျော်  စုဝေးပြီး ပြည်သူလူထုနဲ့ 
အထူးစည်းကမ်းသေ၀ပ်စွာ ချီတက် အလေးပြုမှာဖြစ်တယ်..။ဒီ့ အရင်  အာဇာနည်နေ့ကျင်းပရေးကော်မတီကိုစာရင်းပေးထားတဲ့ ပါတီ(၇၀)ထဲက  တချို့ ဟာ  အခုပါတီပေါင်းစုံချီတက်အလေးပြုဖို့ လက်မှတ်ထိုးထားတဲ့ အထဲမှာ   ပါနေပြီ ဖြစ်လို့  အရင်စာရင်းက  ပယ်ဖျက်ထားတယ်လို့  ဆိုတာဟာပါတီကြီးတခုက  ပါတီငယ်များကို  အနိုင်ကျင့်တဲ့ သဘောဖြစ်လို့   လက်မခံနိုင်ဘူး..ဆိုတဲ့ အချက်။တတိယအချက်ကတော့  လွန်ခဲ့တဲ့ (၇)ရက်နေ့ က  သံလျင်ရေနံချက်စက်ရုံ  ဗုံးဖောက်ခွဲမှုနဲ့   (၁၀)ရက်နေ့မြို့ တော်ခန်းမ ဗုံးဖောက်ခွဲမှုများရဲ့ တရားခံများဟာ  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က လူတွေဖြစ်တယ် လို့စွပ်စွဲလိုက်တဲ့  အချက်တွေပါဘဲ..။နောက်ဆုံးတော့ သူတို့ ကြေညာထားတဲ့အတိုင်း  လူစုလူဝေးနဲ့   ချီတက်မယ်ဆိုရင်  ထိထိရောက်ရောက်အရေးယူမယ်  ဆိုတာကို  အဓိက ထား ပြောသွားတာပါဘဲ..။

ဒါကို ကြည့် ရင်   အာဇာနည်နေ့   အရေးအခင်းဟာအရေးကြီးတဲ့အကွေ့ အပြောင်းဖြစ်နေပြီးကျားနဲ့  ဆင်    လယ်ပြင်မှာ    တွေ့ ကြတော့ မှာပဲ..။  ဇူလိုင် (၁၈) ရက်နေ့    မနက်ကျတော့    တီဗီကနေပြီး  မာရှယ်လော ကြေညာချက်  အမှတ်(၂)  ဆိုပြီးကြေညာပါတော့တယ်..။အဲဒီအထဲမှာ စစ်တိုင်းမှူးက ထုတ်ထားတဲ့ အမိန့်ကို ဖီဆန်သူတွေကို   စစ်ခုံရုံးနဲ့ သာအမိန့်ချမယ်..။အမိန့်မှာလည်း   ပြစ်ဒဏ်က  သုံးမျိုးပဲ.။အနဲဆုံးထောင်ဒဏ် သုံးနှစ်..။ဒီထက် ကျော်တာက တသက်တကျွန်း..။အဆိုးဆုံး အပြစ်ဒဏ်ကသေဒဏ်..။စစ်ဆေးရင်လဲ အကျဉ်းနည်းနဲ့ ပဲ စစ်မယ်..။သူတို့ ခေါ်ချင်တဲ့  သက်သေပဲခေါ်မယ်..။မခေါ်ပဲ နေချင်လဲ  မခေါ်ဘူး..ဆိုတော့  ဗိုလ်စောမောင်က  ဒေါ်အောင်ဆန်းစုကြည်ကို  ကွန်ဖရန်တေးရှင်းမလုပ်ပါနဲ့ ဆိုပြီး သူတို့ဖက်က တော့ကွန်ဖရန်တေးရှင်းကို  စစ်ရေးအရ  ခေါင်းချင်းခွေ့တဲ့ တိုက်ပွဲ အမြင်နဲ့  ပြင်ဆင်တော့တာပါပဲ..။တကယ်တော့ဒေါ်အောင်ဆန်းစုကြည်က  ကွန်ဖရန်တေးရှင်းကို အကြမ်းမဖက်ပဲ.. အများပြည်သူ
သဘောမတူတဲ့အမိန့်အာဏာဟူသမျှ   တာဝန်အရ  ဖီဆန်ကြ  လို့ အနာခံ ရင်ဆိုင်နည်းကိုသုံးနေချိန်မှာ  ဗိုလ်စောမောင်ကတော့  အကြမ်းနည်း အားဖြင့်   တပ်ထောင်တာဗိုလ်ထုနဲ့   စစ်ဥပဒေကို သုံးပြီးရင်ဆိုင်ခေါင်းချင်း တိုက်တာပါဘဲ...။

ဇူလိုင်လ  (၁၉)ရက်နေ့    ထုတ်  သတင်းစာတွေညနေပိုင်းမှာ ရောက်လာတော့  ဗိုလ်မှူးချုပ်ခင်ညွှန့် က    သတင်းစာရှင်းလင်းပွဲ  လုပ်ပြန်တာ  ပါလာပါတယ်..။အာဏာဖီဆန်ရေး       လမ်းစဉ်ဟာ  ဗိုလ်ချုပ်အောင်ဆန်းက  နယ်ချဲ့ ကိုဆန့်ကျင်ခဲ့ တဲ့ လမ်းစဉ်သာ ဖြစ်တယ်..။တပ်မတော်က  နယ်ချဲ့ ဆန့်ကျငတဲ့  တပ်မတော်  မိုလို့    တပ်မတော်ကိုအာဏာမဖီဆန်သင့်ကြောင်းတွေ..။အေးချမ်းစွာ နဲ့   အာဇာနည်ကြီးများကို  အလေးပြုဖို့တွေ  ပါပါတယ်..။ဒီ့အပြင်   အဲဒီနေ့ထုတ်သတင်းစာတွေမှာပဲ    နိုင်ငံရေး   ပါတီများက  စာရွက် စာတမ်း စာအုပ်နှင့်ပုံနှိပ်ထုတ်ဝေသူများ   ကင်းလွတ်ခွင့်  လျှောက်ချင်ရင်   ဇူလိုင်(၂၅)ရက်နေ့အထိသာ  ခွင့်ပြု မယ်  ဆိုတာလဲ  ပါပါတယ်..။မာရှယ်လောက  ပေးအပ်ထားတဲ့ ကြေညာချက်တွေလည်း ပါတယ်။ဒီ အတိုင်းဆိုရင်   ရန်ကုန်မှာတော့  ပွဲကြမ်းတော့မယ်  ပုံပါဘဲ..။

ဇူလိုင် (၁၉) ရက်နေ့ ည  နိုင်ငံပိုင် ရေဒီယိုသတင်းတွေ အရ  ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ  အဖွဲ့ ချုပ်က  လူထုနဲ့  အတူ  ချီတက်မယ့်  အစီအစဉ်ကိုအချိန်မီ  ဖျက်သိမ်းလိုက်ရတယ်...။မဖျက်သိမ်းရင်    အာဇာနည်ကုန်း တ၀ိုက်ကို   စစ်မြေပြင် လိုပြင်ဆင်ထားတာတွေ ကြောင့်    လူ တွေ သွေးချောင်းစီးမယ့်  အရေးကို  ကာကွယတဲ့ အနေနဲ့  ဖျက်လိုက်ရတာပါ..။ဒါပေမယ့်ရှစ်လေးလုံးက  ကျောင်းသားလူငယ်တွေဟာ  သူတို့ အစီအစဉ် နဲ့  သူတို့  နေရာအသီးသီးက  ပေါ်လာလို့ပစ်ခတ်တာ မဟုတ်ပေမယ့်လုံထိန်းတွေ ရဲ့   အကြမ်းဖက် ရိုက်နှက်  လူစုခွဲတာ ခံရတဲ့ အပြင်ကျောင်းသားလူငယ် လေးဆယ်ကျော်ကိုပါဖမ်းဆီးလိုက်ပါတယ်..။                   အာဇာနည်ကုန်းကိုတော့  အာဇာနည်မိသားစု ကိုးစု  အနက်ခုနစ်စုသာ တက်ရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမိသားစု နဲ့   ဦးဘ၀င်း မိသားစုက  မတက်ရောက်ဘဲ ကန့်ကွက်ခဲ့ကြပါတယ်..။ဘီဘီစီ နဲ့တွေ့ ဆုံမေးမြန်းခန်း မှာ  ဒေါ်အောင်ဆန်းစုကြည်က  “ဒီလိုသာ တပ်မတော်ကပြည်သူလူထုကို ဖိနှိပတဲ့အစီအစဉ်တွေ  ဆက်လုပ်နေမယ်  ဆိုရင်  ဖက်ဆစ်တပ်မတော်လို့ပဲ  နောက်ကိုခေါ်ရတော့မယ်” လို့ပြောလိုက်ပါတယ်..။

နောက်တနေ့ ည  သတင်းမှာတော့  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို ဖမ်းဆီးလိုက်ကြောင်း  သတင်းတွေ ပါလာလို့   ပြည်သူလူထုရော  နယ်တွေမှာ  ရှိတဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဝင်တွေ ရော  တုန်လှုပ် ခြောက်ခြား  ကြရပါတယ်..။သတင်းတွေထဲ မှာ  အဖွဲ့ချုပ်ရုံးကိုတော့  ဆက်ဖွင့်ခွင့်ပြုမယ်လို့ ပါပါတယ်..။အဲဒီနေ့   ညနေ ရောက်လာတဲ့သတင်းစာမှာလွတ်ငြိမ်းချမ်းသာခွင့် ဆန်ဆန်  အမိန့်အမှတ်(၄/၈၉ )ကို ထုတ်ပြန်ခဲ့ ပါတယ်..။(၁၈.၇.၈၉ ) မတိုင်မီ    စစ်ဆေးတဲ့ အမှုတွေကို    ပိတ်ပြီး   တရားခံတွေကိုလွှတ်ပစ်ရမယ်..။အကျဉ်းသားတွေကိုလည်း    ပြစ်ဒဏ် ရဲ့  သုံးပုံနှစ်ပုံလျှော့ပေါ့  ပေးရမယ်လို့  ပါပါတယ်..။တကယ်တော့ ထောင်ခါတာပါ..။နောက်ထပ် အဖမ်းအဆီးတွေ  ကြမ်းဦးမယ်  ဆိုတဲ့  သဘောပါဘဲ..။

ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးတင်ဦးကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး  န.၀.တ  က သတင်းစာရှင်းလင်းပွဲ  လုပ်ပါတယ်..။နိုင်ငံတော်အား  နှောင့်ယှက် ဖျက်ဆီးလိုသူများဧ။်  ဘေးအန္တရာယ်မှ  ကာကွယ်စောင့် ရှောက်သည့်  ဥပဒေ  ပုဒ်မ (၁၀)(ခ) အရ  အရေးယူထားတာ ဖြစ်လို့
ဒီဥပဒေအရ  နေအိမ်မှာပဲအကျယ်ချုပ် ထားမယ်..။ဒီပုဒ်မအရ  တနှစ်အထိ  အရေးယူနိုင်တယ်လို့ရှင်းလင်းပါတယ်..။တပြိုင်နက်ထဲမှာပဲ   နိုင်ငံရေး ပါတီများ ထုတ်ဝေခွင့်  ကင်းလွတ်ချက်ကို   ဇူလိုင်(၂၅)ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ရမယ်  ဆိုတာလည်း  ကြေညာပါတယ်..။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကလည်း   ဥက္ကဌဦးတင်ဦးနဲ့    အထွေထွေ အတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်တို့ကို  ဒီလို အရေးယူပြီး အကျယ်ချုပ်ချထားတာကိုကန့်ကွက်ကြောင်း  ကြေညာတဲ့အပြင်   နယ်အဖွဲ့ ချုပ်များကိုလည်း   စိတ်ရှည်လက်ရှည် သည်းခံဖို့ နဲ့ ကန့်ကွက်ကြောင်း သက်ဆိုင်ရာကိုပို့ကြဖို့  ။စိတ်လိုက် မာန်ပါ  မဖြစ်ကြဖို့   ညွှန်ကြားလိုက်ပါတယ်..။

● သခွပ်ပင်က  မီးတကျည်ကျည်
အာဇာနည်နေ့  ကျင်းပဖို့  အရေးတကြီးစိုင်းပြင်နေရခိုက်  ပေါင်းတည်ရုံးရဲ့  အမှုဆောင်အစည်းအဝေး  တခုမှာ    မြို့ နယ်စည်းရုံးရေး   ကော်မတီဝင်ဦးခင်မောင်ဇော်က   နိုင်ငံရေး အစီရင်ခံစာစာတမ်းတခုကို  တင်ပြလာပါတယ်..။ဒီစာတမ်းရဲ့         အတိုချုပ်ကတော့သူ့အနေနဲ့  စားဝတ်နေရေးကြောင့်မြို့ နယ်အဖွဲ့ ချုပ်ရုံးကို  အချိန်ပြည့်  လာရောက်လုပ်အားမပေးနိုင်သော်လည်း  ဝေဖန်စရာ ရှိတာကို မဝေဖန်ရင်  သူ့တာဝန် မကျေမှာစိုးလို့  ဝေဖန်၇တာပါ..။အခု အချိန်မှာ  အထွေထွေအတွင်းရေးမှူး  ဒေါ်အောင်ဆန်းစုကြည် အား အမျိုးသားခေါင်း ဆောင်ဖြစ်လို့   သူဟာ  ပါတီတခုရဲ့ ခေါင်းဆောင်သာမဟုတ်..။တခြားပါတီတွေကိုလည်း  ဦးဆောင်မှု ပေးနေသူပါ..။ ဒါကြောင့်  မြို့ နယ်အဖွဲ့ ချုပ်ကလည်းလုပ်ငန်းလုပတဲ့ နေရာမှာ တခြားအဖွဲ့ တွေကို  လက်တွဲ ရမယ်..။JAC လို့ ခေါ်တဲ့ ပူးတွဲ  လုပ်ဆောင်မှုသဘောကို  ကျယ်ကျယ်ပြန့်ပြန့်  လုပ်ရမယ်..။လွန်ခဲ့ တဲ့ဇူလိုင်လ (၇)ရက်  အထိမ်းအမှတ်ပွဲမှာ  JAC သဘောအရလူ့ဘောင်သစ်နဲ့  လက်တွဲလုပ်ဖို့ အဖွဲ့ ချုပ် (လူငယ်)မှာ    သူတင်ပြ ပေမယ့်  ဗဟိုညွှန်ကြားချက်မရှိလို့ဆိုပြီး   လူ့ ဘောင်သစ်ကတယောက်စကားပြောခွင့်တောင်းတာ မရခဲ့ ဘူး..။သ၀ဏ်လွှာပေးရင်လဲ  သူတို့ပဲဖတ်မယ်..။အခမ်းအနားကိုတော့  ဖိတ်မယ်..။အဲဒီအချိန်မှာ  လူ့ဘောင်သစ်အဖွဲ့ က တရားဝင်မရှိလို့   ဒေသခံကျောင်းသား လူငယ်အနေနဲ့  ဖိတ်တယ်..။ဒါကိုလည်း မင်္ဂလာဆောင်  ဖိတ်စာဝေသလို  ကိုယ်နဲ့  ရင်းနှီးသူကိုသာ
ဖိတ်တာမျိုး ဖြစ်နေတယ်..။

ပေါင်းတည် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (လူငယ်)ဟာ ဘက်လိုက်မှုရှိနေတယ်..။ဒါကြောင့် လာမဲ့  အာဇာနည်နေ့ မှာ   ဒီလို မဖြစ်ဖို့  တင်ပြတယ်..။

နောက်တခုက  မြို့ နယ်စည်းရုံးရေး ကော်မတီဝင် တချို့  အစည်းအဝေး မတက်တာကို အရေးယူရမယ်..။(ဥပမာ..ဦးအောင်မိုးမြင့်၊ ဦးသိန်း)ဒါကိုလည်း  စည်းကမ်းတကျဖြစ်စေချင်တယ်..။စသဖြင့် ပါဝင်ပါတယ်..။ဒီတော့  အစည်းအဝေးမှာ သက်ဆိုင်သူများက  ဖြေရှင်း ဆွေးနွေး
ကြရပြန်တာပေါ့..။ပေါင်းတည်မြို့ နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်( လူငယ်)က ကိုဌေးလွင်ကရှင်းပါတယ်..။JAC ဆိုပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကို  တွဲလွဲ ခိုချင်သူတွေ  အတွက်   အဖွဲ့ ရဲ့ စည်းကော်မတီဝင် တဦးက  ဒီလို ကိုယ်စားပြု ရပ်တည်တာကို  ၀မ်းနည်းမိတယ်..။အပြင် ထရံကို  အတွင်းကာထားတယ်..။စသဖြင့်လူငယ်ပီပီ ပြန်လည်ချေပပြောပါတယ်..။ဗဟိုက ညွှန်ကြားချက်နဲ့   လုပ်ရတဲ့ အခမ်းအနားမှာ ညွှန်ကြားချက်နဲ့ အညီပဲ  လုပ်ရတဲ့အကြောင်း။သ၀ဏ်လွှာ ဆိုပြီး  သူများစကားပြော  စင်မြင့်မှာ   ကိုယ်ပြောချင်တာတွေလာပြောတာမျိုးကို  လက်ခံလို့ မဖြစတဲ့ အကြောင်း..။ လူ့ဘောင်သစ်အဖွဲ့ကလည်း   ဗဟိုမှာကို နှစ်ဖွဲ့ ကွဲနေပြီး  မြို့ နယ်အဖွဲ့  ရဲ့ ဆိုင်းဘုတ်လဲ  အဖြုတ်ခံနေရချိန် မို့  အများဆုံး လှုပ်ရှားနေတဲ့ ကျောင်းသားတွေကို သာ  ဖိတ်ခဲ့ ရကြောင်း..။မလှုပ်ရှားလို့ လူမမြင်ရတဲ့သူတွေကိုတော့  မဖိတ်မိပါဘူး..။စသဖြင့်   ပြန် ဆွေးနွေးကြတယ်..။

ဦးခင်မောင်ဇော်ပြောတဲ့  ဒုတိယအချက်ကစည်းရုံးရေးကော်မတီထဲက  အစည်းအဝေးမတကတဲ့  ကင်းကွာ ပုဂိုလ်များ ဆိုရာမှာ   ဦးသိန်းဆိုတဲ့ပုဂိုလ်က  မြို့နယ်မှာ  အစဉ်အလာကြီးတဲ့   နိုင်ငံရေးသမားကြီး..။တော်လှန်ရေး ရဲဘော်ဟောင်း..။ပ .မ.ည.တ  ဟောင်း
တဦးပါ..။အခုတော့  လေငန်း ရောဂါ ဖြစ်နေလို့  သာ  အစည်းအဝေးတွေကို  မလာနိုင်တာပါ..။ဒါတောင် တခါတရံ  ဆိုက်ကားစီးပြီး  တွဲပိုး လာပါတယ်..။နောက်တယောက်  ဖြစတဲ့ ဦးအောင်မိုးမြင့်က  နှုတ်ထွက်လွှာတင်ထားပါတယ်..။ဒါပေမယ့် ဗဟိုက  ပြည်မြို့ နယ် ကိစ္စကို အကြောင်းပြုပြီး   မြို့ နယ်အဆင့် စည်းရုံးရေးကော်မတီမှာနှုတ်ထွက်တာ ထုတ်ပယ်တာတွေကိုမဆုံးဖြတ်ဘဲ  တိုင်းစည်းနဲ့  ဗဟိုခွင့်ပြုချက် ရပြီးမှသာ အတည်ဖြစ်တယ်ဆိုလို့  ဦးအောင်မိုးမြင့် ရဲ့   နှုတ်ထွက်လွှာကို  တိုင်းနဲ့ ဗဟိုကို တင်ပြထားတဲ့အကြောင်း  ရှင်းလင်းရပါတယ်..။

ဒီလို ဆွေးနွေးတော့လဲ  ဦးခင်မောင်ဇော်ကလက်ခံပါတယ်..။ဒါပေမယ့်  အာဇာနည်နေ့ ချီတက်ပွဲမှာ မဟာမိတ်ပါတီများကို  လက်တွဲခေါ်ဖို့ တင်ပြပါတယ်..။ဒါပေမယ့်လဲ  မြို့နယ်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးပါတီများကို  မ.၀.တ ရုံးက ဖိတ်ပြီး တဖွဲ့ ချင်းစီ လူအကန့်အသတ်နဲ့ တက်ဖို့  လက်ခံနေကြပြီး  ဖြစ်နေတယ်..။လူ့ ဘောင်သစ်ကိုတော့   ယခု လက်ရှိအနေအထားအရ  အဖွဲ့ အနေနဲ့ ဖိတ်စာပို့ဖို့  မဖြစ်နိုင်ဘဲ ကျောင်းသားလူငယ် အနေနဲ့ တော့  အဖွဲ့ ချုပ်နဲ့  ပူးပေါင်းပြီးချီတက်နိုင်တယ်..။အခမ်းအနား တက်နိုင်တယ်..။အခမ်းအနားများကလည်း  ယခင်လိုပဲ  ဗဟိုက  ချပေးတဲ့ ပုံစံအတိုင်း ကျင်းပရတာပါ..လို့ ရှင်းပြရပါတယ်..။ဒီတော့လည်းပြီးသွားပါတယ်..။အစည်းအဝေးမှာ  သာမန် တင်ပြဆွေးနွေး ရင်လဲရနိုင်ရက်သားနဲ့  နိုင်ငံရေး စာတမ်းလုပ်ပြီးတင်တယ်..။တခြားအဖွဲ့ အတွက်    ကိုယ့်အဖွဲ့ က  တာဝန်ရှိတဲ့ သူတွေကို
အပြစ်တင်တယ်..။အခမ်းအနားကိုစည်းနဲ့ ဘောင်နဲ့   လုပ်နေရတဲ့အခြေအနေကို  သူက  စည်းလွတ်ဘောင်လွတ်ထင်သလို  လုပ်ဖို့  ရမ်းသမ်းတင်ပြတာကတော့  နဲနဲ  ဆိုးတာပေါ့ ..။သူကတော့ ဒီလိုမှ သဘောပေါက်ပါ့မလားမသိဘူး..။   ။

(ရေးခဲ့ မိသော မှတ်တမ်းများ(၂၅)..ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီးနောက် အဖွဲ့ ချုပ်အခြေအနေ)

Comments