Mar Mar Aye - 476

 “ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၇၆)
မာမာအေး
ဧပြီ ၁ဝ၊  ၂ဝ၁၃



သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … အမေရိကါးက သွားတဲ့သူက ကိုယ့်ပြည်နိုင်ငံမှာ ဂနိုင်တော်တော်ကျလာခဲ့ရတယ်တော်ရေ့၊
လည်ပတ်နေတဲ့ နေ့စဉ်သုံးငွေတွေမှာ အကြွေစေ့ဗလာ - ရှာကိုမတွေ့မိခဲ့ဘူး။ တစ်ထောင်တန် တစ်သိန်းအထုပ်တွေထဲက ဖြုတ်ဖြုတ်သုံးခဲ့ရတာများပါတယ်။
ငါးသိန်းတစ်စီး၊ ဆယ်သိန်းကိုတစ်စီး အပြီးအစီး အထုပ်တွေနဲ့ ငွေချေ အပေအယူ လုပ်ကြတဲ့နေရာတိုင်း ငွေကို ရည်တွက်ကြတာ မတွေ့ရတော့ဘူး။ တဦးနဲ့တဦး ယုံကြည်မှု လို့ ဆိုရမလား မပြောတတ်ပါဘူး။ U.S မှာတော့ ဘဏ်ထဲမှာတင် ရေတွက် မြင်စေပြီးမှ ငွေထုတ်သူလက်ထဲ ရောက်တာမို့ပါရှင်။
ကိုယ်ပြန်ရင်လဲ ဟိုအရင်ကလို နေမှာဘဲလို့ ထင်ခဲ့တာမို့လား။ အူတူတူတွေကများ ဖြစ်နေတယ်။

လေးဆူဓါတ်ပုံ ရွှေတိဂုံ - အမျိုးဘုရား အဆွေဘုရားကြီးကို မဖူးလိုက် ဦးမခိုက်ရတာ တကမ္ဘာလောက် ကြတယ် အထင်နဲ့ အရင်ဆုံး သွားဖူးတဲ့အခါ တောင်ဘက်စေါင်းတန်း ဓါတ်လှေကါးကနေ ဘုရားပေါ် တက်ဖို့ စီစဉ်တာကြောင့် ကါးရပ်တဲ့နေရာကို ကါးရပ်ရအောင် သွားခဲ့ပါတယ်။
အဲဒီ ကါးရပ်တဲ့နေရာမှာ - မာအေး အလွန်မကြိုက်တဲ့ VIP စာလုံးကြီးကို တွေ့ရတုန်းဘဲရှင့်။ ခေတ်ပြောင်းနေပြီလဲဆိုသေး ဒါတွေလဲ မပြောင်းသေးနဲ့ ကိုယ်ပြန်လို့ အမေရေ ဘာတွေ ပြောင်းနေပြီလဲမေးရင် ခက်သေးသကွယ်ဘဲ။ ပြည်တွင်းမှာ ဘာတွေလဲ ခုဘဲရောက်စလူက သိတာမှ မဟုတ်သေးတာ။ နေကြည့်ရသေးတာပ။

ငွေစက ကိုယ့်မှာမပါ - မြန်မာငွေ အသစ်ကလေးတွေ သမီးနဲ့ သားက အမေလှူဖို့ဆို ပေးထားကြတာ။ ၂ဝ/- တန်၊ ၅ဝ တန်၊ တစ်ရာတစ်ထောင်တန်၊ ငါးထောင်တန်တွေ ဖြစ်ပါတယ်။ မာအေး ထွက်မလာခင်က ငါးရာတန်ဘဲ အကြီးဆုံး ထုတ်သေးတာ ဆိုတော့ - ခုလို ငါးထောင်တန်များ တရွက်ပျောက်ရင် မနည်းဘူးနော် လို့ မြေးမတွေကို စကါးစပ်ပြောမိတာပေါ့ရှင်။
ဖွားဖွားကလဲ တသောင်းတန်တောင်ထွက်ပြီဘဲ တဲ့။

ဗုဒေါရေ ... တစ်သောင်းတန် ပျောက်ရင်၊ အရွက်ချင်းကပ်ပါသွားရင် မနည်းဘူးဟဲ့ မနည်းဘူးဟဲ့နဲ့ ပိုက်ဆံကို ရွှတ်ရွှတ်မြည်အောင် ဆွဲမထုတ်ဖဲ လက်ထဲမြဲမြဲ ဆုတ်ထားမိပါတယ်။ ပိုက်ဆံကိုစီတော့ အသေးဆုံးက အပေါ်မှာထားပြီး စီလေ့ရှိတဲ့အတိုင်း စီထပ်လှူဒါန်းလာခဲ့တာ ဘုရားပေါ်တွေ့သမျှ ရဟန်းသံဃာ၊ ဒုက္ခိတ အရွယ်အို၊ အညိုဝတ်ယောဂီ၊ သီလရှင်၊ ပြုံးပြုံးရွှင်ရွှင် ကြည်လင်တဲ့ မျက်နှာပေးတွေနဲ့ပေါ့။

ကါးပေါ်ပြန်ထိုင်မိကြတဲ့အခါကျမှ "မေမေလုပ်လိုက်ပုံကတော့ ဘုန်းကြီးတောင် ရီတယ်ဟေ့" လို့ ပြောရင်း ရယ်တော့ မြေးတွေ တူ တူမတွေပါ ၀ိုင်းရယ်ကြတယ်ရှင့်။ ဘာကိုဆိုလိုတာမှန်း မသိတဲ့ မာအေးမှာသာ ဘာလို့ရယ်တာလဲ၊ ဘာကိုရယ်တာလဲနဲ့ ဖြစ်ခဲ့တာပေါ့။

မေမေ ဘာလို့ နှစ်ဆယ်တန်တွေဘဲ ရှောက်လှူနေရတာလဲ၊ ၂ဝိ/တန် ဘာမှ သုံးမရလို့ ဘုန်းကြီးတွေက ပြုံးတော်မူသွားတာ - မေမေ အဲဒါ မသိဘူးမို့လါး၊ ဘတ်(စ)ကါး တခါတက်ရင် ၂ဝဝိ/-အောက် မရှိတဲ့ ခေတ်မှာ မေမေ့ ၂ဝိ/-တန် ဘာသွားလုပ်ရမလဲ၊ အဲဒါကြောင့် ရီတာ တဲ့ အဖြေက။

အင်း... ဟုတ်မှာဘဲ ရှင်တို့ရဲ့။ မနက်က ပဲပြုတ်ဝယ်တာ တစ်ဆယ်သါးရယ်၊ နှစ်ရာတန် ပေးလိုက်တာ ပြန်မအမ်းဘူး။ သမီးကြီး ဈေးကပြန်လာတုန်းကလဲ မာအေး အိမ်နေရင်းဝတ်ဖို့ရာ ဘလေါက်ကလေးတွေ ဝယ်လာတယ်။ အကေါင်းစားကြီး မဟုတ်တာတောင် တစ်သောင်းကျော် ပေးခဲ့ရသတဲ့လေ။ နှမျောလိုက်တာရှင်။ သမီးက အမေ ပင်ပမ်းမှာစိုးလို့ အဝတ်တွေ ယူမလါနဲ့ ဒီမှာ အကုန်ရတယ် ဆိုတာနဲ့ ပုဂံက တရားစခန်း သွားဝင်တဲ့အခါ ဝတ်ရအောင် ယောဂီဝတ်တွေဘဲ ယူလာမိလို့ အရီလဲခံရသေး၊ ပိုက်ဆံလဲ ထပ်ကုန်သေး၊ မာအေး အတော် ဒုန်းဝေးတာဘဲနော်။

ကိုယ့်သဘောနဲ့ မကိုက်တာလဲ ပုဂံက အပြန်မှာ ကြုံပါတယ်။ U.S. က ပြည်နယ်ကူးပြီး ဖြတ်သွားရမယ့်ကါးတွေအတွက် ၀င်ကြေးကေါက်လေ့ရှိတဲ့ တူး(လ)ဂိတ်တွေလိုဘဲ မြို့အ၀င်ရွာ်အ၀င်တွေမှာ ကါးဝင်ကြေးကေါက်ခံတဲ့ ဂိတ်ကြီးဂိတ်ငယ်တွေ တလမ်းလုံး တော်ကြာရပ်လိုက်၊ တော်ကြာပေးလိုက် လုပ်နေရတာ ခရီးသိပ်ဖင့်တာပါဘဲရှင်။ တကြိမ်ဆို မာအေးတို့ကါး ဂိတ်နားဖြတ်တော့မယ် လုပ်မှ ဂိတ်ပိတ်ဖို့ လုပ်ထားတဲ့ သစ်သားတန်းကို ဖမ်းပိတ်ချလိုက်တာ ကံကေါင်းလို့မတိုက်မိတယ်၊ ကါးကို ရုတ်တရက် ဘရိတ်အုပ်လိုက်ရတော့ နောက်တန်းမှာ စီးလာတဲ့ ခလေးတွေ ရှေ့ခုံကို ကျွန်းထိုးကျလာကုန်ပါတယ်။
အဲဒီလေါက်ပဲ - ဘာမှမဖြစ်လို့တေါ်တော့တယ်။

ကါးဖြတ်တဲ့ ဂိတ်ကြေး ဆိုတာဟာလဲ သူတို့ပါးစပ်က ပြောတဲ့အတိုင်း ပေးရတာပါဘဲ၊ တစ်ရာကနေ လေးရာငါးဆယ်အထိ ပေးကေါင်း ပေးခဲ့ရတယ်။ ပြီးတော့ ငွေရပြေစာတွေ ဘာတွေလဲ ပေးတာမဟုတ်ဖူးရှင်။
တနေ့တနေ့ ဖြတ်တဲ့သွားတဲ့ကါးတွေက နည်းတာမှမဟုတ်ဖဲနဲ့ရှင်။ ရွာခံတွေလား ဘာလားတော့ ဘယ်သိမလဲ။ ဒီလိုသာ စည်းမဲ့ကမ်းမဲ့ လုပ်နေလို့ကတော့ လမ်းတွေ သစ်လွင်လာဘို့ နည်းမှာဘဲ။ ပြည်သူ့မျက်နှာထောက်ပြီး ပြည်သူ့ဘဏ္ဍာ မပျောက်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

အိမ်ဦးနဲ့ကြမ်းပြင် ကါးကလေးနဲ့ ဟိုအသိအိမ်ဝင်၊ ဒီအသိအိမ်မှာနား၊ ပျော်ပျော်ကြီး ခရီးပေါ်မှာ သွားခဲ့ဖူးတဲ့ မာအေးဖြင့် ဂိတ်ကြေးတွေ မတတ်နိုင်လို့၊ ဓါတ်ဆီဘိုးတွေ မတတ်နိုင်လို့ နောင်ဆိုရင် သွားမှသွားနိုင်ပါတော့မလား၊ စဉ်းစားရတော့မယ်ရှင့်။ ပုဂံက ရန်ကုန် အပြန်ခရီးမှာတင် ထောင့်ငါးရာ နှစ်ထောင်နီးပါး ခရီးသွားခွန်ကါးဖြတ်ခွန်နဲ့ ဓါတ်ဆီက သုံးထောင်အထက်မှာ ဒီဈေးပေးသွားနေကြတဲ့ ပြည်မြန်မာ - တို့ဆီမှာထက် ချမ်းသာလို့ နေနိုင်တာ လို့ တွေးပြီး စိတ်အေးအေးထားခဲ့လိုက်ရတာပေါ့ရှင်။

ကိုယ်ကလဲ ကိုယ့်တိုင်းပြည်ရောက်ရင် လည်ချင်ချင်ဖြစ်တယ်၊ ဒီဇင်ဘာသွားခဲ့တုန်းက သုံးလနေခဲ့ရတာ မဖူလုံသေးဘူး။
ဒီဇင်ဘာသွားခဲ့တုန်းက သုံးလ နေခဲ့ရတာ မဖူလုံသေးဘူး။ မာအေး ချစ်ဆွေတွေက တောင်ပေါ်မြေပြန့် အနှံ့ဘဲမို့လား။ ဒီတခေါက် သွားဖြစ်ရင် ကါးနဲ့ဘဲ ခြေဆန့်မယ်လို့ စိတ်ကူးမိတော့ လူနည်းနည်း ရွာကျဲကျဲ တောင်ပေါ်တွေဘဲ ရွေးမလားလို့ပါရှင်။

* (ကျောင်းပိတ်ရက်မှ) အစဉ်လည် ... ဇေါက်တွေနက်တဲ့တောင်တန်းမယ် ခင်ကွယ် ဇောချွေးလေးများတောင်ပျံချင်တယ်။ ရေတံခွန်သွယ်ဖြာစီးလို့ရယ်။ တေါင်ခြေနှင်းမြူတွေဆိုင်းတယ်။ ပျိုပျိုထင်သလို မမောင်းဝံ့တယ် ကျောင်းပိတ်ရက်တွေတိုင်းလည် xx ပန်းတွေ ပေါတယ်၊ မြန်းဆင်လို့ရယ်

 ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏  အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

စာစီစာရိုက် လုပ်အားပေး- မျိုးဇော် 

Comments