Wutthmoe - Articles


ပညာဒါနအဖွဲ့ (စင်ကာပူ)
ဝတ်မှုန်
မတ်လ ၂၀၊ ၂၀၁၃



● HISTORY
ပညာဒါနအဖွဲ့ ပင်နီဆူးလား သင်တန်းများကို (၂၀၁၀) ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် သင်တန်း (၁၀) ခုဖြင့် စတင်ခဲ့ကြပါသည်။ ဦးဆောင် သူ (၁၀) ဦး၏ တူညီသောအမြင်မှာ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ဘာသာစကားနှင့် ပညာရပ်ဆိုင်ရာများ လိုအပ်နေသည်ကို ဖြည့်ဆည်းပေးရန် ဖြစ်ပါသည်။

အဖွဲ့စတင်တည်ထောင်သူ တစ်ဦးဖြစ်သူ ကိုသက်နိုင်စိုး၏ ကုမ္ပဏီရုံးခန်း “ပင်နီဆူးလားပလာဇာ (၇) လွှာ အခန်း (၂၁)” ၌ သင်တန်းများကို ပူးတွဲသင်ကြားခြင်းဖြင့် ပညာဒါနအဖွဲ့လုပ်ဆောင်မှုများအားစတင်ခဲ့ပါသည်။ ကုမ္ပဏီရုံးခန်းအပြင် အခြား လိုအပ်ချက်ကို လူအား၊ စိတ်အား၊ ပညာအား၊ ငွေအားတို့ဖြင့်ပါဝင်ခဲ့ပြီး အခြားဦးဆောင်သူများမှလည်း တတ်အားသမျှ ဖြည့်ဆည်းပေးရန် သဘောတူခဲ့ကြပါသည်။

သင်တန်းများကို ဇူလိုင် (၂၀၁၀) ပထမပါတ်တွင် သင်တန်းသားပေါင်း အယောက် (၁၁၀) ဖြင့်စတင်ခဲ့ပါသည်။ အများ၏ တောင်းဆိုချက် နှင့် ဆရာများ၏ အားတက်သရောကူညီမှုတို့ကြောင့် Accounting, Engineering, Revit နှင့် AutoCAD, IT နှင့် Computer, Software Design & Programming, Photoshop & Web Design နှင့် IELTS သင်တန်းသစ်များကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပါသည်။

(၂၀၁၀) ခုနှစ် လှုပ်ရှားမှုများ

(၂၀၁၀) ခုနှစ် ဒီဇင်ဘာလတွင် သင်တန်းသားပေါင်း (၃၃၀) ဦးခန့် မွေးထုတ်ပေးခဲ့ပါသည်။

(၂၀၁၁) ခုနှစ် လှုပ်ရှားမှုများ

(၂၀၁၁) ခုနှစ် ဧပြီလတွင်“ပင်နီဆူးလားပလာဇာ (၇) လွှာ အခန်း (၂၆)” သို့ပြောင်းရွေှ့ခဲ့ပြီး ပညာဒါနအဖွဲ့ ပင်နီဆူးလားသင်တန်း၏ နှစ်ပတ်လည် ညစာစားပွဲကို ဇူလိုင်လ (၂) ရက်, (၂၀၁၁) ခုနှစ် (စနေနေ့) တွင် ညနေ (၆း၀၀) နာရီ မှ (၈း၃၀) ထိ စာသင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ 

(၂၀၁၁) ခုနှစ် ဒီဇင်ဘာလတွင် သင်တန်း (၃၄) ခု ဖွင့်လှစ်ခဲ့ပါသည်။

(၂၀၁၂) ခုနှစ် လှုပ်ရှားမှုများ

(၂၀၁၂) ခုနှစ် ဧပြီလတွင် သင်တန်း (၄၂) ခု ဖွင့်လှစ်ခဲ့ပြီး သင်တန်းသားဦးရေ တိုးပွားလာသဖြင့် စာသင်ခန်းမ ထပ်မံတိုးချဲ့ ငှါးရမ်းရန် လိုအပ်ငွေ သက်သာစေရန် ကိုသက်နိုင်စိုး၏ “ပင်နီဆူးလားပလာဇာ (၁၆) လွှာ အခန်း (၆)” ကုမ္ပဏီရုံးခန်းရှိ “Polyline Studio Training Center” နှင့် ပူးတွဲသင်ကြားရန် (၂၀၁၂) ခုနှစ် မေလတွင် ပြောင်းရွေှ့ခဲ့ပါသည်။ 

(၂၀၁၂) ခုနှစ် ဇွန်လတွင် သင်တန်း (၅၀) ဖွင့်လှစ်ထားပြီး သင်တန်းသား (၆၂၅) ခန့် တက်ရောက်ပညာရှာမှီးလျှက် ရှိပါသည်။ 
ပင်နီဆူးလားသင်တန်း၏ နှစ်ပတ်လည် ညစာစားပွဲကို ဇွန်လ (၃၀) ရက်, (၂၀၁၂) ခုနှစ် (စနေနေ့) တွင် ညနေ (၆း၀၀) နာရီ မှ (၈း၃၀) ထိ Cultural Hotel ရှိ Fushionnel Restaurant ၌ ကျင်းပခဲ့ပါသည်။  

● သင်တန်းများနှင့် PNDN Open Courseware
မြန်မာပြည်တစ်ဝန်းရှိ ညီအကိုမောင်နှမများအတွက်အွန်လိုင်းမှ notes နှင့် curriculum သာမက video/audio များပါတင်ရန် ကြိုးစား လျှက်ရှိပါသည်။ 

PNDN Open Courseware (http://open.pyinnyar.com) တွင် အွန်လိုင်း notes နှင့် curriculum များအကြောင်း ဆက်လက်ဖတ် ရှုနိုင်ပါသည်။

● ပညာဒါနအဖွဲ့ (စင်္ကာပူ) ပင်နီဆူးလား သင်တန်းများနိုဝင်ဘာ လက်ကမ်းစာစောင် 

● Helping our community
သင်ကြားရေး နှင့် အထွေထွေ အကူအညီ ပေးလိုသူများအားလုံးကို ပညာဒါနအဖွဲ့ မှ ဖိတ်ခေါ်ပါသည်။
If you want to share your knowledge and work experience 

ပညာဒါနအဖွဲ့တွင် သင်ကြားရေး အကူအညီ လုပ်အားပေးလိုသော ဆရာ၊ ဆရာမများအား ဖိတ်ခေါ်ပါသည်။ 
မိမိလုပ်အားပေးလိုသော ဘာသာရပ်နှင့်ပတ်သက်သည့်အကြောင်းအရာများကို အဖွဲ့ရုံးခန်းတွင် လာရောက် စုံစမ်းနိုင်ပါသည်။ 

လုပ်အားပေး ဆရာ၊ ဆရာမ အသစ်များအား ပညာဒါနအဖွဲ့ Senior Group Monitor မှ တွေ့ဆုံရှင်းလင်း၍ လုပ်အားပေးဖေါင်ဖြည့်မည် ဖြစ်ပါသည်။

လက်ရှိအသုံးပြုလျှက်ရှိသော သင်ရိုးညွှန်းတမ်းကို တင်ပြပါမည်။

သင်ကြားရေး အကူအညီ လုပ်အားပေးလိုသော ဆရာ၊ ဆရာမအား လက်ရှိသင်တန်းတွင် (၂) ပတ် မှ (၄) ပတ်ခန့် ၀င်ရောက်ကြည့်ရှုရန်ဖိတ်ခေါ်ပါမည်။

အပတ်စဉ်သင်တန်းအချိန်သည် (၁) နာရီခွဲ မှ (၂) နာရီ မျှရှိပြီး သင်တန်းကာလသည် (၃) လ မှ (၄) လ အတွင်းကြာရှိပါသည်။

လုပ်အားပေးကာလအနေဖြင့် သင်တန်းအပတ်စဉ် (၂) ခု အနည်းဆုံးကူညီပါရန်ဖိတ်ခေါ်ပါသည်။

● If you want to assist us in helping the community 

ပညာဒါနအဖွဲ့တွင် အထွေထွေ အကူအညီ ပေးလိုသူများအား ဖိတ်ခေါ်ပါသည်။ 

မိမိအားလပ်သော အချိန်နှင့်ကူညီလိုသည့် အကြောင်းအရာများကို အဖွဲ့ရုံးခန်းတွင် လာရောက် စုံစမ်းနိုင်ပါသည်။ 

အထွေထွေ အကူအညီ ပေးလိုသူ အသစ်များအား ပညာဒါနအဖွဲ့ Senior Group Monitor မှ တွေ့ဆုံရှင်းလင်း၍ လုပ်အားပေးဖေါင်ဖြည့်မည် ဖြစ်ပါသည်။

သင်ကြားရေး နှင့် အထွေထွေ အကူအညီ ပေးလိုသူများအားလုံးကို ပညာဒါနအဖွဲ့ Founder and Chief Organizer ကိုသက်နိုင်စိုး SOE at PYINNYAR dot COM ဆီသို့ ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။  

● Pyin Nyar Darna Speech Contest 
ပညာဒါနအဖွဲ့ (စင်္ကာပူ) တွင်တက်ရောက်လျှက်ရှိသော ကျောင်းသားကျောင်းသူများ အင်္ဂလိပ်စကားပြော နှင့် ကိုယ်ရည်ကိုယ်သွေးမြင့် မားစေရန် စီစဉ်ကျင်းပပေးခြင်းဖြစ်ပါသည်။ 

Best Speaker ဆု ရရှိသူအား  ပညာသင်ဆု စင်္ကာပူဒေါ်လာ ၄၀၀ ပေးအပ်ချီးမြှင့်ပါမည်။ (*Terms and Conditions apply.) 

သတ္တမအကြိမ်မြောက် ပညာဒါနအဖွဲ့ (စင်္ကာပူ) ၏ စကားပြောပြိုင်ပွဲကို (၂၀၁၂) ဇန်နဝါရီလ တွင် Cultural Hotel (270 Jalan Besar, Singapore 209019) တွင်ကျင်းပပါမည်။  

● Help for Job Finder 
 Accounting, Drafting, Engineering, Software & IT နှင့် ပတ်သက်သည့် အလုပ်အကိုင်ရှာဖွေရာတွင် အခက်အခဲရှိသူများအား ပညာဒါနအဖွဲ့ (စင်္ကာပူ) တွင် သင်ကြားပေးလျှက်ရှိသော ဆရာ ဆရာမများမှ အကြံပေး ကူညီဆောင်ရွက်ပေးနေပါပြီ။

- ကိုယ်ရေးရာဇ၀င် ပြင်ဆင်ပေးခြင်း နှင့် စီစစ်ပေးခြင်း
- အင်တာဗျူးတွင် ကြုံတွေ့ရမည့် မေးခွန်းများအား ရှင်းလင်းပြခြင်း
- လုပ်ငန်းခွင် နှင့် နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများအား မျှဝေခြင်း
- အကူအညီလိုအပ်နေသူများ အပတ်စဉ် တနင်္ဂနွေနေ့ (နေ့လည် ၁၂း ၀၀ မှ ၁း ၃၀ နာရီ) တွင် ပညာဒါနအဖွဲ့ ရုံးခန်းသို့ လာရောက်စုံစမ်း နိုင်ပါသည်။  

● Food Donation at the Toa Payoh Temple
စင်္ကာပူရောက် ညီအကိုမောင်နှမများ နှင့် ပညာဒါနအဖွဲ့ဝင်များ လစဉ် ဒုတိယ နှင့် တတိယအပတ် စနေနေ့ (ညနေ ၈း၀၀ မှ ၉း၃၀ နာရီ) Toa Payoh Buddhist Temple ဓမ္မစကြာရွတ်ဆိုပွဲတွင် အလှူဒါနပြုပါသည်။

ချက်ပြုတ်ရေးတွင် တတက်တအား ဝိုင်းဝန်းကူညီလိုသူများနှင့် စေတနာ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းလိုသူ မြန်မာနိုင်ငံသားများအား လုံးကို ပညာဒါနအဖွဲ့မှ ဖိတ်ခေါ်ပါသည်။ 

သွားရောက်လှူဒါန်းမည့်နေ့များတွင် ပညာဒါနအဖွဲ့ ရုံးခန်း သို့ ညနေ ၇း၀၀ နာရီ အမှီ လာရောက်ပါဝင်ကူညီနိုင်ပါသည်။  

● T-shirt Donation 
 “$2 for a T-Shirt” ခေါ် T-Shirt တစ်ထည်လျှင်နှစ်ဒေါ်လာ အလှူငွေကောက်ခံပြီး မြန်မာပြည်အနှံ့ အပြားရှိ ဆင်းရဲနွမ်းပါးသော၊ အ၀တ်အစားဝယ်ဝတ်ဖို့ရန်ပင် မတတ်နိုင်သော မိသားစုများအား T-Shirt များ လှူဒါန်းရန်ဖြစ်ပါသည်။

စေတနာသဒ္ဓါတရားထက်သန်သော မြန်မာနိုင်ငံသားများအားလုံးကို ပညာဒါနအဖွဲ့မှ ဖိတ်ခေါ်ပါသည်။ 

ပညာဒါနအဖွဲ့ ရုံးခန်း လာရောက်လှူဒါန်းနိုင်သလို ဘဏ်မှငွေလွှဲ၍လည်း လှူဒါန်းနိုင်ပါသည်။  

● One Village One Computer (OVOC)
စင်္ကာပူနိုင်ငံ ပညာဒါနအဖွဲ့  စေတနာရှင်များ အနေဖြင့် မြန်မာနိုင်ငံရှိ လက်လှမ်းမီရာ ကျေးလက်ဒေသများတွင် နေထိုင်သော ညီအစ်ကို မောင်နှမများ၏ ကွန်ပြူတာအတတ်ပညာ တိုးတက်မြင့်မား လာနိုင်ရေးအတွက် ခိုင်မာစွာ ယုံကြည်ပါသည်။ 

(Volunteers of Pyin Nyar Dar Na (PNDN) Singapore believe strongly in the betterment of our brethren in rural reaches of Myanmar through computer literacy.)

ထို့ကြောင့် ကျေးလက်တောရွာများတွင် ကွန်ပြူတာ တတ်မြောက်မှု အရေအတွက် မြှင့်တင်ရန် မြန်မာနိုင်ငံရှိ NGO အဖွဲ့များ အခြားသော လူမှုရေးအဖွဲ့အစည်းများ နှင့် ပညာဒါနအဖွဲ့ (စင်္ကာပူ) အဖွဲ့သားများ ပူးပေါင်းကာ   “တစ်ရွာ လျှင် ကွန်ပြူတာတစ်လုံး” (One Village One Computer) ဟု အမည်တပ်ထားသော ကျေးလက်ကွန်ပြူတာတတ်မြောက်ရေး အစီအစဉ် တစ်ခုကို ကျွန်တော်တို့ စတင်နေပြီ ဖြစ်ပါတယ်။ 

(Therefore, we have initiated a rural computer literacy program called “One Village One Computer” (OVOC) where PNDN partners with volunteering organizations and NGOs in Myanmar to increase computer literacy in rural villages.)

OVOC အစီအစဉ်ဆိုင်ရာ လှုပ်ရှားမှု  နောက်ဆုံး အခြေအနေများ နှင့် ဓါတ်ပုံများ ကို စနစ်တကျ ပြင်ဆင်လျက်ရှိပါသည်။ 
(Stay tuned for updates and photographs of OVOC program in action.)

● OVOC Approach
ပညာဒါနအဖွဲ့ (စင်္ကာပူ) အနေဖြင့် အောက်ပါတို့ကို တာဝန်ယူမည်ဖြစ်ပါသည်။

- ကွန်ပြူတာစက်ပိုင်းဆိုင်ရာ ကိရိယာ -  Laptop နှင့် ကွန်ပြူတာတွဲဖက်ပစ္စည်းများ
- ကွန်ပြူတာ software ပိုင်းဆိုင်ရာ  -  သင်ကြားမှုပိုင်းနှင့် သက်ဆိုင်သော Operation System နှင့် Software Application များ
- ကျောင်းသားများအတွက် သင်ရိုးညွှန်းတမ်း  -  ကွန်ပြူတာအခြေခံ အဆင့် (၁) ၊  ကွန်ပြူတာအခြေခံ အဆင့် (၂) နှင့် အင်္ဂလိပ်စာ အခြေ ခံ အဆင့် (၁) ၊ အင်္ဂလိပ်စာ အခြေခံ  အဆင့် (၂)
- ပူးပေါင်းကူညီသူ ဆရာများအတွက် သင်ကြားမှုဆိုင်ရာ အထောက်အကူပြု ပစ္စည်း နှင့် စာရွက်စာတမ်းများ
- PNDN Singapore will be responsible for
- Hardware: laptop and computer accessories
- Software: operating system and other software applications relevant for computer literacy
- Curriculum for Students: Computer Level 1 & 2 and English Level 1 & 2
- Training materials for volunteer teachers

ပူးပေါင်းကူညီလိုသူများ အနေဖြင့် ....
- Partnership Form ကို ဒေါင်းလုပ် စွဲ၍ ပုံစံဖြည့်ပြီး soe@pyinnyar.com သို့ အီးမေးလ် ပို့ပေးပါရန်။
- ဖြည့်ထားသော ပုံစံရရှိသည်နှင့် တပြိုင်နက် အထက်တွင်ဖော်ပြထားသော သင်ရိုးညွှန်းတမ်းများအပါအ၀င် laptop တစ်လုံးကို အတတ် နိုင်ဆုံး ကြိုးစား၍ အမြန်ဆုံး ပေးပို့ပါမည်။
- သင်တန်း လာရောက်တက်သူများအား ပညာဒါနအဖွဲ့ (စင်္ကာပူ) အမှတ်တံဆိပ်ပါ T-shirt များ ပေးဝေလှူဒါန်းပါမည်။

သင်ကြားရေး အစီအစဉ် ပြီးဆုံးသွားပြီးနောက်ပိုင်းတွင်လည်း  ကိုယ်တိုင်ဆက်လက် လေ့လာနိုင်စေရန်အတွက် ၊ ကျွန်တော်တို့ အနေဖြင့် အနည်းဆုံး (၁၂) နာရီ မှ နာရီ (၂၀) အထိ  လိုအပ်သော ကွန်ပြူတာ အခြေခံ အဆင့် (၁) သင်ရိုးကို သင်ကြားပေးရန် တိုက်တွန်း အကြံပြု လိုပါသည်။

အကျိုးသက်ရောက်မှု မြင့်မားစေရန် အတွက်လည်း ပူးပေါင်းကူညီသူများ အနေဖြင့် မိမိ သွားရောက်သင်ကြားပေးပြီးသော ကျေးရွာသို့ နောက်သုံးလကြာသည့်အထိ လစဉ် သွားရောက်ကာ သင်တန်းသားများ၏ တိုးတက်မှုအခြေအနေကို သွားရောက်အကဲဖြတ်ပေးစေလို ပါသည်။

အလှူရှင်များ၏အကျိုးအတွက် ပညာဒါနအဖွဲ့ (စင်္ကာပူ) website တွင် မျှဝေနိုင်စေရန်အတွက်လည်း ပူးပေါင်းကူညီသူများမှ မိမိ သွားရောက်ခဲ့သော ရွာများတွင် လှုပ်ရှားခဲ့သော မှတ်တမ်း ဓါတ်ပုံများကို လည်း ပေးပို့ရပါမည်။

- Partnership with Myanmar volunteering organizations and NGOs
- Download the Partnership Form and email it to us at soe@pyinnyar.com
- Once the form is received, we will try our very best to send you a laptop (as mentioned above) along with the training materials
- We will also be donating T-shirts (with PNDN logo) for the villagers attending the lessons
- We recommend teaching at least 12 to 20 hours of Computer Level 1 curriculum in order for them to continue with self-study after your visit
- To increase the effectiveness, we need you to visit the same village monthly for the next three months to assess their progress
- We need photographs of your visit to the villages so that we may share it on our PNDN website for the benefits of our donors


● Contact Us
ရုံးခန်းလိပ်စာ
ပင်နီဆူးလား (၁၆) လွှာ အခန်း (၆) 
(ပင်နီဆူးလား ပလာဇာ မြေညီထပ်မှ ဓါတ်လှေကား နံပါတ် ၃၊ ၄၊ ၅၊ ၆၊ ၇ နှင့် ၈ ကိုစီးပါ။)

● ရုံးခန်းဖွင့်ချိန်
တနင်္လာနေ့ မှ သောကြာနေ့ ( ညနေ   ၈ နာရီ – ညနေ ၉ နာရီ ) 
စနေနေ့ ( ညနေ ၃ နာရီ – ညနေ ၉ နာရီ ) 
တနင်္ဂနွေနေ့ ( နံနက် ၁၀ နာရီ – ညနေ ၉ နာရီ )
Facebook page: www.facebook.com/pyinnyardarna 

● Contact Information for Donors
POSB Saving account (၁၃၃ ၂၃၄၉၃ ၄) သို့လည်း  အလှူငွေပေးပို့နိုင်ပြီး ဖုန်းနံပါတ် (၈၃၉၄ ၃၆၁၈) (သို့) donate@pyinnyar.com သို့ အလှူရှင်များ၏ 
  
အမည် – xxx xxx
ဖုန်းနံပါတ် – xxxx xxxx
အီးမေးလ် – your-email@your-email.com

For “General PNDN” (or) “2 4 T” (or) “Satudithar
Description 
- General PNDN (ပညာဒါန အထွေထွေ အသုံးစရိတ် အလှူတော်) 
- 2 4 T (အဝတ်အထည်အလှူတော် – “$2 for a T” ခေါ် T-Shirt တစ်ထည်လျှင်နှစ်ဒေါ်လာ) 
- Satudithar (စတုဒီသာအလှူတော် – လစဉ် ဒုတိယနှင့် တတိယအပတ် စနေနေ့ညနေ)

ပိုမိုသိရှိလိုလျှင် = http://open.pyinnyar.com/

Comments