Silent Protest staged in New Zeland to Thein Sein


အော်ကလန်မြို့ ၊ နယူးဇီလန်နိုင်ငံသို့ (အသံတိတ်) သမတကြီးရောက်လာခြင်း
မွန်ဦးမြေ၊ မတ် ၁၆၊ ၂၀၁၃
အော်ကလန်မြို့ တောင်ဘက်ရှိ မင်ဂရီး ဒုက္ခသည် စင်တာသို့ မြန်မာဒုက္ခသည်များရောက်လာမည်ကို တစ်ပတ်ခန့် ကျနော်တို့ ကြိုတင်သိ ကြပါသည်။ ဌာနေရှိမြန်မာများ ကြိုတင်ပြီး မြန်မာအစားအသောက်များ ချက်ကြသည်။ ဒုက္ခသည်စင်တာဆိုတာက ပေါင်မုံထောပတ် သုတ် ကိုသာအဓိကထားကြွေးတပ်ပါသည်၊ မြန်မာဒုက္ခသည်ဆိုတာက ထမင်းကိုသာ အားထားစားခြင်ပါသည်၊ အဲဒါကြောင့် မြန်မာ အစားအသောက်များကို ကောင်းနိုးရာရာ ချက်ကြတာ အော်ကလန်က မြန်မာများရဲ့ ဓလေ့ဖြစ်ပါသည်။
 
သမတကြီးနှင့် အဖွဲတည်းခိုဟော်တယ်မှ မြန်မာ့အလံ

ဟောတယ်ရှေ့  အသံတိတ် ဆန္ဒပြနေသော မြန်မာတိုင်းရင်းသားများ

အော် - သမတကြီး ဦးသိန်းစိန် ရယ် ကြိုကြိုတင်တင်ပြောရော ပေါ့၊ ကျနော်တို့ အော်ကလန်က ကောင်းနိုးရာရာ ကလေးတွေနဲ့ ပြုစုခြင် တာပေါ့။ အခုတော့ မတ်လ ၁၄ ရက်နေ့  နေ့ လယ် အော်ဇီကဖုံးလာတယ်၊ မင်းတို့ ဆီမှာ မြန်မာ သမတကြီးနဲ့ အဖွဲ့ ဝင် ၅၃ ယောက် ရောက်နေတယ် သွားတွေ့ လိုက်ပါတဲ့။ ဟ ဟုတ်မှ ဟုတ်ပါ့မလား၊ အော်ကလန်ကို ဘယ်နိုင်ငံရဲ့ အကြီးအကဲလာလာ ဒို့ ကြိုတင် သိတာဘဲ TV တို့  ရေဒီယို တို့ ဆိုတာ တနာရီခြားသတင်းတွေလွှင့်နေတာ၊ နေ့ စဉ်သတင်းစာတွေမှာလည်း ဘာမှမပါဘဲနဲ့  မင်းမနောက်ပါနဲ့ ကွာ လို့ ပြောလိုက်တော့။
 
အသံတိတ် ဆန္ဒပြနေသူများနှင့် သမတကြီးနှင့်အဖွဲ တည်းခိုနေသော ဟော်တယ် နောက်ခံပုံ

မဟုတ်ဖူး မင်းတို့ ကီဝီတွေကော ဒို့ အော်ဇီတွေကိုကော အကြောင်ရိုက်သွားတာ။ အော်ဇီကို ၁၄ ရက် မတ်လမှာလာပြီး ၁၇ ရက်နေ့ မှာ နယူးဇီလန်ကို သွားမယ်လို့ သတင်းပို့ ပြီး၊ ပြောင်းပြန်လုပ်လိုက်ထာ။ ကုလားဖန်ထိုးထားတဲ့ ဖဲချပ်ကတော့ အဆင်သင့် ဖြစ်နေတဲ့ အော်ဇီက ဆန္ဒပြသမားတွေကိုလည်း ရက်ရွှေ့ ထားလိုက်တယ်၊ အဆင်သင့်မဖြစ်တဲ့ မင်းတို ကီဝီတွေလည်း ဘာမှ မလုပ်နိုင်အောင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဖြစ်အောင် ကုလားဖန်ထိုးလိုက်ထာဘဲတဲ့။ အဲဒီ့ နောက်ကွယ်က တစ်ချပ်မှောက်ဖဲ တစ်ခုမှာတော့ - နယူးဇီလန်မှာ ဆန္ဒပြရင် အနဲဆုံး ၃ ရက်ခန့် သက်ဆိုင်ရာများကို စာတင်ရတဲ့ သတ်မှတ်ချက်ကို သမတကြီး အကြံပေး (ကီဝီ-ဗီ့မာ) တွေက မှောက်ထားတဲ့ ဖဲချပ်ကို ဖွင့်ပြလိုက်တယ်လေ - - -။ အော် လူယုံသတ်ရင်သေတယ်ဆိုတာ ဒါ ပါလား ?



စုထက် စူ လူစွမ်းကောင်းကြီးများ

ဒါပေမဲ ကိစ္စမရှိဘူး စု ထက် စူ လူစွမ်းကောင်းရှိတယ်။ ဗျောင်လိမ် ဗျောင်လိမ် ဆိုတဲ့ လူစွမ်းကောင်းထွက်လာပြီး၊ မင်းတို ဆန္ဒပြခြင်ရင် အသံတိတ်ပြမယ်ဆိုရင် ခွင့်စာတင်ဘို့ မလိုဘူး လုံခြုံရေးမှူး နဲ့  ရဲကိုပြောပြီးရင်ရတယ်ဆိုတာနဲ့  ဒီစာရေးနေတဲ့ ၁၆ မတ်လ မှာ ပုံတွေပါအတိုင်း အသံတိတ် ဆန္ဒပြခဲ့ကြရပါတယ်။ 
အဲဒီ့ နောက် အိတ်ဖွင့်ပေးစာဆိုတာကလည်း အသံတိတ်ဖြစ်နေတာကြောင့် ပေးလို့  ရမလားလို လုံခြုံရေးကို မေးတော့၊ ရတယ် ရတယ် သူကိုယ်တိုင် သမတအဖွဲ့ ကို သွားပေးပေးမယ်ဆိုပြီးပြောပေမဲ့။ တခုတော့ ကတိပေးရမယ်တဲ့ - ဘယ်သူမှ အသံထွက်ပြီး မဖတ်ရဘူးတဲ့။ 
အဲဒါကြောင့် စာရှု့ သူ သူတော်စင်များခင်ဗျား အောက်ပါ အိတ်ဖွင့်ပေးစာကို အသံထွက်ပြီး မဖတ်မိဘို့  အနူးအညွတ်တောင်းပန်ပါသည်ခင်ဗျား - - -

==================================================
နေ့ စွဲ။   ၂၀၁၃ ခု၊ မတ်လ၊ ၁၆ ရက်နေ့ 
သို့        သမတကြီး ဦးသိန်းစိန် နှင့် အဖွဲ့ 
            ပြည်ထောင်စုမြန်မာနိုင်ငံတော်
            သမတရုံး၊ နေပြည်တော်
မှ          ပြည်ထောင်စုမြန်မာနိုင်ငံ
            စစ်မှန်သော ဒီမိုကရေစီ ဖြစ်မြောက်ရေး ကြိုးပန်းသူများ၊
            အော်ကလန်မြို့ ၊ နယူးဇီလန်နိုင်ငံ
အကြောင်းအရာ။   ပြည်ထောင်စုမြန်မာနိုင်ငံ စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် သမတ ထံအိပ်ဖွင့်ပေးစာ။

သမတကြီး ခင်ဗျား
ကျွန်တော်များ အထက်ဖေါ်ပြပါ ကြိုးပန်းသူများသည်၊ အောက်ပါအချက်များအရ ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် စစ်မှန်သော ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ ရရှိရေးအတွက် သမတကြီးထံ အိပ်ဖွင့်ပေးစာ ပေးပို့ ပါသည်။
၁။ ပြည်ထောင်စုမြန်မာနိုင်ငံ ၂၀၀၈ ခု ဖွဲ့ စည်းအုပ်ချုပ်ပုံကို ယနေ့ လက်ရှိ ပြည်သူ့ ဆန္ဒအရပြုပြင်ပြောင်းလဲရန်။ ၂၀၀၈ ခုနှစ် တဖက်သတ်ရေးဆွဲထားသောဖွဲ့ စည်းအုပ်ချုပ်ပုံ နှင့် တရားမမျှတသော လူထုဆန္ဒခံယူပွဲကို လက်ရှိ မြန်မာပြည်သူများနှင့် ကျွန်တော်တို့  မယုံကြည်သောကြောင့် ဖြစ်ပါသည်။
၂။ မြန်မာပြည်တွင်းဖြစ်ပေါ်နေသောစစ်ပွဲများကို၊ စစ်မှန်သော အပစ်အခတ်ရပ်စဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ပြည်သူ့ ဆန္ဒအရ အကောင်အထည် အမြန်ဆုံး ဖေါ်ရန်။
၃။ လက်ပံတောင်း တောင်အရေးတော်ပုံကြီးတွင်၊ မီးလောင်ဗုံးဖြင့်ဖြိုခွင်း ခဲ့သော တာဝန်ရှိ ပါဝင်ပတ်သက်သူများအား အပြည်ပြည်ဆိုင်ရာ တရားဥပဒေအရ အရေးယူ အပစ်ပေးရန် ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ်ဆေး ရေးကော်မီရှင်၏ အစီရင်ခံစာအားလုံးမှ တချို့ ချန်လှပ်ထားသည်ကို ထင်သာမြင်သာမရှိဟု ကျွန်တော်သံသယရှိသည်။
လေးစားစွာဖြင့်
စစ်မှန်သောဒီမိုကရေစီရရှိရေးကြိုးပန်းသူများ (ကိုယ်စား) ဆက်သွယ်ရန်
၁။ ဒေါက်တာကောင်းညွန့် ၊ ဖုံး ++ ၆၄ ၉ ၆၃၆ ၅၈၃၅
Postal Address: 105 Coronation Road, Mangere Bridge, Auckland 2022 New Zealand
၂။ ဦးစောနီနီ၊ ဖုံး ++ ၆၄ ၉ ၄၄၃ ၈၅၃၄
Postal Address: 1/69 Stanley Road, Glenfield, North Shore, Auckland, New Zealand
၃။ ဦးစံထွန်း၊ ဖုံး ++ ၆၄ ၉ ၅၇၀ ၅၄၀၉
Postal Address: 16/118 Line Road, Glen Innes, Auckland, New Zealand
------------------------------------------
မိတ္တူကို၊
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး ရန်ကုန်မြို့ 
၂။ ၈၈ မျိုဆက်ကျောင်းသားများအဖွဲ့ ၊ ရန်ကုန်မြို့ 
၃။ BCA Burma Campaign Australia
၎။ ရုံးလက်ခံ







Comments