Shwe Ton Tay Sayadaw urged peace on recent unrest in Burma

ထိုင်းနိုင်ငံ၊ မဟာချိုင်၊ ရွှေတွံတေးဆရာတော်က မိတ္ထိလာပဋိပက္ခအရေး မေတ္တာရပ်ခံ
မိုးမခ၊ မတ် ၂၃၊ ၂၀၁၃
           ရွှေတွံတေးဆရာတော်က ယခုဖြစ်ပွါးနေသော မိတ္ထီလာပဋိပက္ခသည် ၁ ဦးချင်း လူမှုရေး အဆင်မပြေမှုမှစခဲ့သည့်အတွက် ပုဂ္ဂလိကအပြစ်ရှိသူကို ထိထိရောက် အရေးယူပေးဖို့သာ ကောင်းတယ်။ ၁ ဘက်နှင့် ၁ဘက် အင်အားပြဖြေရှင်းရင် လူမျိုးရေးဘာသာရေး ပဋိပက္ခ ဖြစ်လာမယ်။  နိုင်ငံတော်ရဲ့ လက်ရှိအခြေအနေမှာ ဒီလိုပဋိပက္ခ မဖြစ်အောင် ၀ိုင်းဝန်းတားဆီးပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဘာသာရေးခေါင်းဆောင်တွေရော ဘာသာဝင်တွေပါ  ငြိမ်းချမ်းရေးကိုရှေ့ရှု စဉ်စားဆောင်ရွက်ပေးပါ။ အာဏာပိုင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ တွေ တရားတဲ့စိတ်နဲ့ မျှမျှတတ
ပြဿနာ ဖြေရှင်းဖို့၊ ပဋိပက္ခငြှိမ်းဖို့ မေတ္တာရပ်ခံပါတယ်။“ 
       စသဖြင့်မိန့် ကြားခဲ့သည်။

Comments