No La Gwin in Football Match ...


 မြန်မာ့ရိုးရာတူရိယာ လင်းကွင်း ဘောလုံးကွင်းမှာ တရားမ၀င်
ပန်းသီး၊ မတ် ၈၊ ၂၀၁၃
ကျနော့်သူငယ်ချင်းများနဲ့ မြန်မာနှင့်အိန္ဒိယာဘောလုံးပွဲ အားပေးမည်ဟုအားခဲပီး
သုဝဏ္ဏဘောလုံးကွင်းဆီသို့  ဆိုင်းတွေဗုံတွေနဲ့ တပျော်တပါးကြီးသွားကြပါတယ်။
ကွင်းထဲလဲဝင်တော ရဲအရာရှိကြီးတဦး မျက်နှာထားခပ်မာမာနဲ့  “ဘောလုံးပွဲမှာ လင်းကွင်း
ယူလို့ မရကြောင်း..လင်းကွင်းတီးခွင့်မရှိကြောင်း …” ပြောခဲ့ပါတယ်။
ကျနော်ကလဲ “ဘာကြောင့် တီးလို့  မရတာလဲ” လို့ မေးတော့၊
“သူမသိဘူး၊ အထက်လူကြီးဆီခေါ်သွားလိုက်… ” ဆိုပြီး
ရဲသားတဦးမှ ကျနော်ကို လူကြီးဆီခေါ်သွားတာပေါ့။
ဟိုရောက်တော့..ရဲလူကြီးကလည်း … “သူလဲမသိပါတဲ့။ ဘောလုံးအဖွဲ့ ချုပ်က လင်းကွင်းပေးမသယ်နဲ့ ၊ ဗုံပဲ သယ်ခွင့်ပြုပါ  လို့ ပြောထားလို့ ” ပါတဲ့။
ရှုပ်ကုန်ပြီ။ ကျနော်စဉ်းစားတယ်။ လင်းကွင်းဟာမြန်မာတူရိယာမှာ
သူမပါရင်မဖြစ်ပါဘူး။
လင်းကွင်းက မီးလောင်ဗုံးလောက် ကြောက်စရာကောင်းလို့ လား..
ကြောက်စရာကောင်းရင်လဲ..မြန်မာတူရိယာများ တီးရာတွင် လင်းကွင်းမပါရ။ မတီးရလို့ 
အမိန့် ထုတ်လိုက်ပေါ့.။
တခုလောက်တော့ တောင်းဆိုချင်ပါတယ်။ “ဘောလုံးပွဲတွေမှာ
လင်းကွင်းကို ပွဲကြည့်ခွင့်မပိတ်ပါနဲ့ ” လို့ ။
“လင်းကွင်းမှာ … ဘာအပြစ်ရှိလို့ လဲ။  မဟုတ်တာ မကြောက်ပါနဲ့။ လင်းကွင်းဟာ ကချင်က ဗုံးသံမဟုတ်ပါဘူးဗျာ …”
 
(လင်းကွင်းသွင်းမိ အပြစ်ရှိသူ (လဂွင်း)ပန်းသီး)

Comments