Letter from Readers -


ဧရာဝတီ၊ အင်္ဂါပူ၊ ညောင်ကျိုး ကိုယ်ထူကိုယ်ထလျပ်စစ်လိုင်းကိစ္စ အမတ်နဲ့ အငြင်းပွား
ဟင်္သတသားများ၊ မတ် ၄၊ ၂၀၁၃
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ အင်္ဂပူ-ညောင်ကျိုး ပြည်သူများစုပေါင်း
ထည့်ဝင်ငွေများနှင့် တည်ဆောက်ခဲ့သော ကိုယ့်အားကိုယ်ကိုး လျပ်စစ်ပင်မဓါတ်အားလိုင်းကို အဆိုပါကျေးရွာ၏ လျပ်စစ်မီးလင်းရေးကော်မီတီဥက္ကဌ ဒေါက်တာဌေးဝင်း (အမျိုးသားလွှတ်တော်အမတ်)က အခြားကျေးရွာတခုဖြစ်သည့် သပြေကုန်းကျေးရွာကို လျပ်စစ်မီးသွယ်တန်းရန် ကြိုးစားလာသည့်အပေါ် အင်္ဂါပူ- ညောင်ကျိုးဒေသခံများက ကန့်ကွက်ခဲ့ကြပါတယ်။
အဆိုပါ မီးလိုင်းချိတ်ဆက်မှုကို မူလလျပ်စစ်သုံးစွဲသူများကို ကြိုတင်အသိမပေးခြင်း၊ သဘောထားကောက်ခံခြင်း မပြုခဲ့ခြင်းတို့ကြောင့် ဒေသခံများက သဘောမတူကြောင်း ဆန္ဒပြုခဲ့ကြတာကြာင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စု ၃ စုမှာ ဆန္ဒခံယူပွဲများ ကျင်းပခဲ့ကြကြောင်း သိရပါတယ်။
ဖေဖော်ဝါရီ ၂၆ ညောင်ကျိုးကျေးရွာအုပ်စုမှာ အပြီးသတ်ဆန္ဒခံယူမှု စာရင်းအရ သပြေကုန်းကျေးရွာသို့ လျပ်စစ်မီးမချိတ်ဆက်လိုသူက မဲ ၄၃၂၊ ချိတ်ဆက်ပေးလိုသူက ၂၅ မဲနဲ့ အဆုံးအဖြတ်ကျခဲ့ပါတယ်။ အဆိုပါ ပြည်သူ့သဘောထားကို ရပ်ကျေးအုပ်ချုပ်ရေးမှူးကိုယ်တိုင်က တိုင်း လျပ်စစ်အင်ဂျင်နီယာ ဦးကိုကိုနိုင်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး၊ ထွေအုပ် ဦးစီးဌာန၊ အင်္ဂါပူမြို့နယ်နှင့် မြန်အောင်မြို့နယ် မြိုံနယ်လျပ်စစ်အင်ဂျင်နီယာများ၊ လျပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများသို့ ပေးပို့ အကြောင်းကြားခဲ့ပါတယ်။
သို့ဖြစ်ပါ၍ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နဲ့ သက်ဆိုင်ရာလူကြီးများက ကျေးရွာလူထု၏ ဆန္ဒကို အလေးဂရုပြု တန်ဖိုးထားပြီး ဖြေရှင်းပေးပါရန် တင်ပြလိုက်ပါကြောင်း။

Comments