Kyaw Thu - FFSS Yangon Activity,


ဗဟ္မစိုရ် အုတ်မြစ်
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
မတ်လ ၅၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေး၊ ကျန်းမာရေး၊ သဘာဝဘေး၊ စစ်ဘေး အစရှိသည့် ကူညီဖေးမ စောင့်ရှောက်မှုလုပ်ငန်းများအပြင် အသိပညာဖွံ့ဖြိုးရေးအတွက် “သုခအလင်း” ပညာဒါန၏ ပထမဆုံးလုပ်ငန်းစဉ်အဖြစ် ၂ဝ၁ဝ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)တွင် “သုခအလင်း” စာကြည့်တိုက်အား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။ ၂ဝ၁ဝ ခုနှစ်၊ မတ်လမှစ၍ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းအဖြစ် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။


၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလပိုင်း အချိန်ကာလသည် ကလေးငယ်များ အတန်းတင်စာမေးပွဲအား ဖြေဆိုနေချိန်ဖြစ်သည်။ အတန်းတင်စာမေးပွဲကြီး ဖြေဆိုပြီးသည်နှင့် တပြိုင်နက် နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း တက်ရောက်ရန် (၅) တန်းမှ (၈) တန်းအထိ ကလေးငယ်များ ၁.၃.၂ဝ၁၃ ရက်နေ့ နံနက်(၉းဝဝ)နာရီ အချိန်တွင် Section ( A, B, C, D ) အလိုက်ခွဲ၍ တက်ရောက်နိုင်စေရန် ကလေးဦးရေ (၂၅ဝ) ဦးတို့အား ဖြေဆိုခဲ့ကြသည်။ ၅.၂.၂ဝ၁၃ ရက်နေ့တွင် မိမိတို့ တက်ရောက်ကြရမည့် Section အလိုက် နာမည်များအား ကြော်ငြာသင်ပုန်းတွင် ဖော်ပြထားမည်ဖြစ်ပြီး ၇.၂.၂ဝ၁၃ ရက်နေ့မှစတင်၍ နံနက် (၈းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ (ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ) နေ့ရက်များတွင် တက်ရောက်သင်ကြားရမည်ဖြစ်သည်။ နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်း သင်ကြားပို့ချပေးသည်သာမက ယဉ်ကျေးလိမ္မာသင်တန်းအား တွဲဖက်၍ မတ်လ (၄ ၊ ၅ ၊ ၆) ရက်နေ့များတွင် (၁) တန်းမှ (၆) တန်းအရွယ်အထိ ကလေးငယ်များအား နံနက် (၉းဝဝ) နာရီမှ နေ့လည် (၃းဝဝ) နာရီအချိန်ထိ သင်ကြားပို့ချမည်ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒု-ဥက္ကဌ ဒေါ်သန်း မြင့်အောင်၊ ကိုရဲ(အောင် ဖောင်ဒေးရှင်း)၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသား ဦးမြတ်သူတို့နှင့် အတူ (Myanmar Story Tellers) မြန်မာပုံပြောသူများအဖွဲ့မှလည်း ကလေးသူငယ်များအား မြန်မာ့လူ့ ဘောင်အဖွဲ့အစည်း၏ လူငယ်/ရွှယ်များ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် သရုပ်ဖော် ပုံပြင်များဖြင့် ပို့ချပေးမည်ဖြစ်သည်။ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကလေးများအား ဘုရားရှိခိုးနည်း၊ ယဉ်ကျေးလိမ္မာစာစဉ်များ၊ ကဗျာများ၊ ဆုံးမစာများ တရားထိုင်နည်း စသဖြင့် သင်ကြားပို့ချလျှက်ရှိသည်။


ကလေးမိဘများသည် ကလေးများ၏ ပညာရေး၊ စာရိတ္တရေး၊ စည်းကမ်းရှိစေရေး၊ မိဘများ၏ အုပ်ထိန်းမှုအောက်တွင် မရှိသော်လည်း စိတ်ချရခြင်းတို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်း သား/သူများမှလည်း ကလေးငယ်များအား ကြည့်ရှု့စောင့်ရှောက်ခြင်းတို့ကြောင့် ယုံကြည်စွာ အပ်နှံလာခဲ့ ကြသည်။ Group အလိုက်စာမေးပွဲသို့ လာရောက်ဖြေဆိုကြသော ကလေးအများစု ရာခိုင်နှုန်း (၈ဝ) ခန့် သည် နှစ်စဉ်ဖွင့်လှစ်သည့် သင်တန်းတက်ရောက်ကြသော ကလေးငယ်များ ဖြစ်ကြသည်။ သင်ကြားပြသ ပေးကြသော ဆရာ/မများသည်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခအလင်း ပညာဒါနတွင် အခ ကြေး ငွေတစုံတရာမယူဘဲ ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ သင်ကြားပြသပေးသော ဆရာ/မများဖြစ် ကြ သည်။ ထို့ကြောင့် ကုသိုလ်၊ စေတနာ အဓိကထားသော ဆရာ/မများနှင့် သင်ကြားရသောကြောင့် ကလေး မိဘများသည် စိတ်ချ၊ ယုံကြည်ကြသဖြင့် သုခအလင်း ပညာဒါနသို့ လာရောက်အပ်နှံကြခြင်းဖြစ်သည်။

 

သုခအလင်း ပညာဒါနမှ တိုးချဲ့လုပ်ငန်းစဉ်အဖြစ် လူငယ်ပရဟိတ မျိုးဆက်သစ်သင်တန်း၊ နယ် ပရဟိတ စွမ်းရည်မြှင့်သင်တန်းစသည့် သင်တန်းများဖွင့်လှစ်ခဲ့ပါသည်။ ထို့အပြင် လူငယ်/ရွယ်များ အလုပ် အကိုင် အခွင့်အလမ်းကောင်းများရရှိစေရန် ဟိုတယ်သင်တန်း၊ ကွန်ပျုတာသင်တန်း၊ သတင်းနှင့် စာနယ် ဇင်းသင်တန်း၊ ရုပ်/သံရိုက်ကူးရေးသင်တန်း၊ LCCI သင်တန်း၊ တက္ကသိုလ်ဝင်တန်းနှင့် အထက် English 4-Skills သင်တန်း၊ တက္ကသိုလ်ဝင်တန်း (ဘာသာစုံ) ပညာဒါန၊ ရှေးဦးသူနာပြုစုနည်းသင်တန်း၊ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း၊ ဆရာအတတ်သင်သင်တန်း စသည်တို့ကို ဖွင့်လှစ်သင်ကြားပေးခြင်း တို့အပြင် ကျေးလက်ဒေသများအထိ အသိပညာဖွံ့ဖြိုးစေရန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိ ဆရာ/မများအား လစဉ်လစာများ ထောက်ပံ့ပေးခြင်း၊ ဆင်းရဲနွမ်းပါး၍ ထူးချွန်သော ဆေးတက္ကသိုလ် ကျောင်းသားများအား ပညာသင်ဆုချီးမြှင့်ခြင်း၊ နယ်ဒေသရှိ စာကြည့်တိုက်များသို့ “သုခအလင်း” စာကြည့် တိုက်မှ စာအုပ်များမျှဝေလှူဒါန်းခြင်း စသည့် ထောက်ပံ့ကူညီပေးမှုများကိုလည်း ပြုလုပ်ပေးခဲ့ကာ နှစ်စဉ် တိုးချဲ့၍ ဆောင်ရွက်လျှက်ရှိပါသည်။

အောက်ခြေအုတ်မြစ်ခိုင်မာမှ အဆောက်အဦး မည်မျှမြင့်မားစေကာမူ လေဒဏ်၊ မိုးဒဏ်၊ သဘာဝ ဘေးဆိုးတို့အား ခံနိုင်မည်ဖြစ်သကဲ့သို့ နုနယ်လှသော မျိုးဆက်သစ်ကလေးငယ်များအတွက် ယဉ်ကျေး လိမ်မာမှု၊ အသိဥာဏ်ဖွင့်ဖြိုးမှု၊ ပညာရည်တိုးမြင့်စေမှု၊ ပဏ္ဍိတမိဘဆရာတို့အား ရိုသေကိုင်းရှိုင်းမှု အတွေး အခေါ်ကောင်းများ တွေးခေါ်စဉ်းစားမှု စသည့်လူသားအကျိုး၊ အများအကျိုးကို ပေးဆပ်ကူညီချင်စိတ်များ ပေါ်ပေါက်လာစေရန်အတွက် ကျွန်တော်တို့ လူမှုရေးသမားများက မိဘဆရာအပေါင်းတို့နှင့် လက်တွဲကာ ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာကာ လူသားခြင်း စာနာထောက်ထားတတ်သော စိတ်ဓါတ်များ မြင့်မား တိုးတက်လာစေရန် အချိန်ပြည့် ထမ်းရွက်ပေးနေပါတော့သည်။

ပညာသင်ရာမှာ အရှက်တရားဟာ ရန်သူပါ။

မိခင်၏ နှလုံးသားသည် ရင်သွေးငယ်များ၏ ကျောင်းခန်းဖြစ်သည်။

လောကမှာ ဘယ်သူတွေ မေတ္တာပျက်ပျက် မိဘနှစ်ပါးကတော့ မေတ္တာမပျက်ဘူး။

Comments