Kyaw Home - Poem

ညွှန်
ကျော်ဟုန်း
မတ်လ ၂၄၊ ၂၀၁၃

 
ကြားဖူးတယ်မို့ လား
တချို့ က
အပြာမြင် အစိမ်းလို့ ပြော
အစိမ်းမြင် အပြာလို့ ဆို
မြင်လွှာရုံ အားနည်း။

ကြုံဖူးတယ်မို့ လား
တချို့ က
ပြောလိုက်တော့ ရဲရဲနီ
လုပ်လိုက်ရင် ပန်းနုနု
ဒါပေမယ့်
ခွင်ကောင်းရင် ရဲရဲတောက်နီ။

သူများကို မြှောက်ပေးရတာများ
ဘာခက်တာ မှတ်လို့ 
ကိုယ်တိုင်ဆို ကိုယ်ပြောသလို မလုပ်တတ်။

အဲ့ဒီ-လူမျိုးတွေ သတိထား
သူတို့ က ဒါရိုက်တာမျိုး
ကိုယ်တိုင်သာ သရုပ်မဆောင်တတ်တာ
သူများကျ ဆရာလုပ်
ခေါင်းရင်းခန်း တက်ထိုင်တတ်တယ်
ကပ်ကျေးတလက် လက်မှာကိုင်ရင်း။

Comments