Kay Thwe - Poem


ထင်ယောင်ထင်မှား
ကေသွယ်
မတ်လ ၂၈၊ ၂၀၁၃



နွေအရင့်မှာ ကြည်နူးသင့်လှတဲ့ ပိတောက်ပွင့် တ၀င့်
အစိမ်း အသစ် အဆင့်ဆင့်တွေ ကြားက  ပြည်သူ့ခေါင်းဆောင် အ၀ါရောင်။
 
မီးခိုးရောင် ကောင်းကင် အောက်မှာ
သူဘာတွေ တွေးနေမလဲ…
ငါတို့ ဘာကို ငေးနေမိသလဲ….
 
ကောင်းကင်ပေါ်ကို ထိုးတက်သွားတဲ့ စစ်တိုက်လေယဉ်ကြီးတွေ
မျှော်လင့်ခြင်းတွေ ကို ယူဆောင် - အပြီးဆောင်ယူသွားလေမလား…

စစ်ဖျက်တင့်ကားကြီးတွေ ခြေသံလုံလုံ နဲ့ တရွေ့ရွေ့ စီးဆင်း
အာရုံတွင်း ကို ချင်းနင်းတိုးဝင် လာပြန်တယ်…
 
ကြီးမားထွားကျိုင်းတဲ့  ၀ိညဉ်မဲ့  စစ်သူကြီး သုံးယောက်ကနေ
သေးကွေးကျူံလှီ  ခေါဘဏီ သုံးသိန်း စီ ထဲ
ဘယ်လို ၀ိညဉ်တွေ သွန်းလောင်းပေးခဲ့လေသလဲ…

မိုးကုပ်စက်ဝိုင်းထက်မှာ
ရဲတံခွန်တွေ တဖျပ်ဖျပ် လွင့်နေပုံက
ရင်တွေ တလှပ်လှပ် ခုန်လာတယ်
 
အခုနေများ… ဟိုးအရင် ဒီအချိန် စစ်ထွက်မိန့် ခွန်းတုန်းကလို
ဗိုလ်ချုပ်သမီးက.. “အနီးကပ်ဆုံးရန်သူကို ရှာတိုက်ကြ”  လို့
ပြောလိုက်လေမလား..
အို..ထင်ယောင်ထင်မှား တွေ များလွန်းနေပြီ….
 
“စစ်နဲ့ ငြိမ်းချမ်းရေး” ကို ဖွင့်ပြီး
ဝတ်ပြု ဆုတောင်းခြင်း စာသားတွေကိုသာ ရေရွတ်မိတော့တယ်။

Comments