Kamarpale - Poem


ဗဂျီအောင်စိုးမှ အောင်ဗဂျီကိုး ... သို့
ကမာပုလဲ
မတ်လ ၁၀၊ ၂၀၁၃


တညသားမှာ
ကျနော့်ကို လက်တို့ 
အိပ်ယာကနေ လာလို့ နှိုးတယ် မေမေ ...။

“ချစ်သား ... ငါ့နောက်လိုက်ခဲ့” တဲ့ ။

ဗောဓိ ညောင်ပင်လား
သစ်ပင်ကြီးတပင်အနားဆီ ခေါ်သွား 
“ချစ်သား ... အသင် ဘာမြင်သလဲ” တဲ့ ။

ညောင်ရွက်ကလေးတွေက စိမ်းမြ
“ကျနော့် နှလုံးသား ကျနော်ပြန်မြင်နေရတယ် သခင်” ။

“ကောင်းပြီ ချစ်သား
သူဟာ ငါဖြစ်တယ်” ။

ရုတ်တရက်
အိပ်ယာကနေ လန့်နိုး
ဇောချွေးတွေနဲ့ စီးထန်းလာ
“သစ္စာသည်သာ အလှတရား”
ကျနော် ...
ကျနော့်ဘ၀ကို ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ပြီ မေမေ။ ။

+ ၈၈၈၈ အရေးတော်ပုံကြီးရဲ့ သစ္စာတရားကို ခံစားရေးဖွဲ့တယ်။
+ “သစ္စာသည်သာ အလှတရား” = ဆရာကြီး ပန်းချီအောင်စိုးပြောခဲ့သောစကား။ 

Comments