ံHle Dan Sanitary Ground


 လုပ်ငန်းရှင်ဦးဇော်မိုးခိုင်က လှည်းတန်းလမ်းဆုံအိမ်ယာ၏ မိလ္လာကန်ကို ကျုးကျော်ရန် ကြံစည်
မိုးမခပေးစာ၊ မတ် ၂၁၊ ၂၀၁၃
၁၉၉၂ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့သော ကမာရွတ်လှည်းတန်းလမ်းဆုံရှိ မြို့ပြစီမံကိန်း တိုက်(၁) နှင့် တိုက်(၂) နေ လူဦးေ၇ ၂၀၀၀ ကျော်အတွက် ရေလှောင်ကန် ၊ ရေစက်ခန်း၊ မိလ္လာကန်မကြီး၊ မိလ္လာကန်သေး (၁၀)ကန်၊  Transformer အဆောက်အဦး ကားပါကင်များပါဝင်သော  မြေနေရာကို AA Medical Product Co.Ltd မှ လူယုတ်မာ ဦးဇော်မိုးခိုင်က ၂၀၀၂ခုနှစ်က စီးပွားကူးသန်း ၀န်ကြီး ဌာနမှ ၄င်းဝယ်ယူထားသောမြေပေါ်တွင် ကျူးကျော်သည်ဟုဆိုကာ အဓမ္မရွှေ့ပြောင်းရန် လုပ်ဆောင်နေပါသည်။
အမှန်တကယ်ရောင်းချသော မြေနေရာမှာ ပြည်မြန်မာကုန်တိုက်အဆောက်အဦး (ပေ ၈၀ X ပေ ၁၂၀)သာ ဖြစ်ပြီး ယခု အဓမ္မရွှေပြောင်း ဇြိုဖျက်ရန်လုပ်ဆောင်နေသည့်မြေနေရာမှာ အများပြည်သူ မသိရှိလိုက်ပဲ စီးပွား ကူးသန်းဝန်ကြီးထံမှ ဦးဇော်မိုးခိုင်က လက်သိပ်ထိုးကာ နောက်ဆက်တွဲ ၀ယ်ယူသည်ဟု ပြောဆိုလာ သဖြင့် တိုက်နေပြည်သူလူထုမှ ၂၀၁၂ ဇန္န၀ါရီလ ကတည်းက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချူပ်၊ စီးပွားကူးသန်းဝန်ကြီး၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် တို့ထံ တိုက်နေပြည်သူလူထု မှ လက်မှတ်ထိုး ကန့်ကွက်စာများ တရားဝင်ပို့ခဲ့သော် လည်းထူးခြားမှုမရှိခဲ့ပါ။
၂၀၁၂ နိုဝင်ဘာ(၂၃)ရက်နေ့က မြို့နယ်အထွေထွေအုပ်ခုပ်ရေးမှူးရုံး အစည်းအဝေးတွင်လည်း ရေကန်နှင့် မိလ္လာကန်ပြောင်းရွှေ့ရန်စီစဉ်ခြင်းကို တိုက်ကော်မတီမှ တရားဝင်ကန့်ကွက် လက်မှတ်ထိုးထားပြီး ဖြစ်ပါသည် ၂၀၁၃ မတ်လ (၁၉)ရက်နေ့တွင် AA Medical Product မှ တိုက်နေပြည်သူများနှင့် ညှိနှိုင်းပြီးသယောင်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို မျက်လှည့်ပြ၍ ခွင့်ပြုချက်ရယူပြီး လုပ်ငန်းများ စတင်ဆောင် ရွက် လာပါသဖြင့် တိုက်နေပြည်သူများမှ မတရားသဖြင့် အဓမ္မလုပ်ဆောင်မှုများကို ကန့်ကွက်ဆန္ဒဖေါ်ထုတ် သွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

 မေတ္တာရပ်ခံချက်

အခြားသော မီဒီယာများသို့လည်း ဆောလျင်စွာ လက်ဆင့်ကမ်းပေးပါရန်

ကျေးဇူးအထူးတင်ပါသည်


 









Comments