88 Generation donated 88 saffrons robs in Thailand


ထိုင်းနိုင်ငံရောက် ၈၈ မျိုးဆက်များ သင်္ကန်း ၈၈ စုံ ဆက်ကပ်လှူဒါန်း
မိုးမခဓာတ်ပုံသတင်း၊ မတ် ၂၃၊ ၂၀၁၃
         ထိုင်းနိုင်ငံ ခရီးစဉ်ရောက်ရှိနေသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သည် မဟာချိုင်သို့ လာရောက် လေ့လာစဉ် ရွှေတွံတေးဆရာတော်ထံ သွားရောက်ပြီး သင်္ကန်း ၈၈စုံ ဆက်ကပ် လှူဒါန်းခဲ့သည်။





           ရွှေတွံတေးဆရာတော်က ထိုင်းနိုင်ငံရှိ ကိုယ့်နိုင်ငံသား တိုင်းရင်းသားများ ဘ၀အခြေအနေနှင့် ပြင်ပ ထောက်ပံ့မှုများမရှိဘဲ ကိုယ်ပိုင်ရပ်တည်နေရသော ကလေးများ စာသင်ကျောင်း ၃ ကျောင်း၏ ပကတိအခြေအနေ တို့ကို အကျဉ်းပြောပြခဲ့သည်။           ရွှေတွံတေးဆရာတော်က ..
           ” ရေခြားမြေခြားလာပြီး ရုန်းကန်ရင်းနဲ့ ရဟန်းခံကြရတာ စရိတ်ကြီးတယ်။ တချို့ဆို ရဟန်းလောင်း ၁ ပါး ကို ဘတ် ၄၀၀၀ မှ ၈၀၀၀ လောက်အထိ ကုန်ကျတယ်။ ဘုန်းကြီးက သက်သာစေဖို့၊ သာသနာ့ဘောင်ဝင်ပြီး သာသနာပြုဖြစ်စေဖို့ - ၁ပါးကို ၂၅၀၀ ဘတ်လောက်နဲ့ စီစဉ်ပေးတယ်။ အဲဒါ မတတ်နိုင်ရင်တောင် မဟာချိုင်မိသားစုတွေနဲ့ ရန်ကုန်ကဒကာတွေ လှူဒါန်းမှုနဲ့ ရဟန်းပြုပေးသေးတယ်။ ၁ ကြိမ်ကို ဒုလ္လဘ (၁၀၀) လောက် ၀တ်ကြတယ်။ အခုလည်း ၈၈ မျိုးဆက်ကျောင်းသားတွေလှူဒါန်းတဲ့ သင်္ကန်း ၈၈ စုံကို အလှူ ရဟန်းခံရှင်ပြုပေးသွားမှာပါ။ “ 
            စသဖြင့်မိန့် ကြားခဲ့သည်။





Comments