Tuesday, July 17, 2012

Than Win Hlaing - 65th Anniversary of Burma's Martyrs Day

သန်းဝင်းလှိုင်၏ ၆၅ နှစ်မြောက် အာဇာနည်နေ့ဂါရ၀ပြု စာအုပ် မိုးမခက ဖြန့်ချိ
မိုးမခ၊ ဇူလိုင် ၁၈၊ ၂၀၁၂
ဇူလိုင် ၁၉၊ ၂၀၁၂၊ ၆၅ နှစ်မြောက် အာဇာနည်နေ့၊ လွတ်လပ်ရေးတိုက်ပွဲဝင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရသောနေ့၊ အထိမ်းအမှတ်အဖြစ် မိုးမခ၏ ပင်တိုင် စာရေးဆရာ၊ သမိုင်းသုတေသီ၊ သန်းဝင်းလှိုင် ရေးသားပြုစုသော "အာဇာနည်နေ့ သို့မဟုတ် မြန်မာ့သမိုင်း၌မမေ့အပ်သော နေ့တနေ့" စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ပြီ ဖြစ်သည်။
စာမျက်နှာ ၁၇၀ ရှိပြီး၊ အခန်းခွဲများအဖြစ် ကြမ္မာဆိုးဝင်သောနေ့၊ ဦးစောနှင့် အပေါင်းအပါတို့၏ နောက်ဆုံးနေ့၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့စဉ်က၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ (ဒဂုန်တာရာ)၊ အာဇာနည် ၉ ဦး၊ ၎င်းတို့အသီးသီး၏ အထ္ထုပ္ပတ္တိများ စုစည်းချက်၊ ဦးစော ဘာကြောင့် လုပ်ကြံခဲ့သလဲ၊ ဂဠုံဦးစော၊ စသည့်အခန်းခေါင်းစဉ်များ ပါဝင်သည်။
          မိုးမခက စာအုပ်ကို အီးဘုတ်အဖြစ် အခမဲ့၊ ကော်ပီပရင်တာဖြင့် မှာယူပါက တအုပ်လျင် စာတိုက်ခ အပြီး အမေရိကန်ပြည်ထောင်စုအတွင်း အမေရိကန် ၇ ဒေါ်လာ၊ ပြည်ပအတွက် ၁၄ ဒေါ်လာ ကျသင့်မည် ဖြစ်ပါသည်။ စာရေးသူက မိမိ၏ စာများ ပရိသတ်ထံ ပြန့်နှံ့စေလိုသည့် စေတနာဖြင့် စာမူခ မယူဘဲ မေတ္တာဖြင့် ဝေမျှ ပေးခြင်းဖြစ်ရာ မိုးမခက စာအုပ်များ မှာယူခြင်းမှ ကျန်ရှိသည့် ငွေကို စာရေးဆရာထံ ချီးမြှင့်မည် ဖြစ်ပါသည်။
          မြန်မာပြည်တွင်းတွင် အဆိုပါစာအုပ်ကို လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေဖြန့်ချိလိုပါက မိုးမခက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း တိုက်တွန်း နှိုးဆော်အပ်ပါသည်။ အကြောင်းမှာ စာရေးဆရာ သန်းဝင်းလှိုင်၏ စာမူများကို ယခင်အစိုးရလက်ထက်ကတည်းက တားမြစ်ထားသည်မှာ  ယခုအချိန်အထိ တားမြစ်ထားဆဲ ဖြစ်သည်။
          သည်နေရာမှာ အခမဲ့ အီးဘုတ် ဒေါင်းလုပ် ရယူပါ။
          သည်နေရာကနေ စာအုပ်ကို မှာယူပါ။
         

AZN Book Order From

               
               
               
               
               
               
               
               
               
               
               

               
Post a Comment